Part ( 16 )

2.3K 251 92
                                    


** Do kyungsoo ဆိုတာမင်းလား..???**

ဆိုဖာ​ပေါ်​ခြေကလိမ်​ကျစ်​ကာ ခပ်​မတ်​မတ်​အ​နေအထားနဲ့ ထိုင်​​နေသူက ကိုကို့မာမီလား....။ခပ်​တိုတိုညှပ်​ထားသည့်​ဆံပင်​နဲ့အတူ နီရဲရဲဆိုးထားသည့်​နူတ်​ခမ်းပါးကအပြုံးအရယ်​မရှိ​အေးခဲလျက်​...။
မ​လျော့မတင်းလွန်း​သော အ​မေးစကားတခွန်း​အောက်​မှာ သူ့ပုံစံက တရားသူကြီး​ရှေ့​ရောက်​​နေတဲ့ တရားခံတစ်​​ယောက်​လို...ငူငူကြီးရပ်​လျက်​...။
သူမကထိုင်​ပါလို့...ခရီးဦးမကြိုလာသလို ..အခွင့်​မရသဖြင့်​ မထိုင်​​တော့တဲ့ကျွန်​​တော်​က သူမ​ရှေ့မှာပင်​​ခြေစုံရပ်​လျက်​....။တကိုယ်​လုံးကို ​စေ့​စေ့စပ်​စပ်​ခြုံငုံကြည့်​​နေသည့်​ သူမရဲ့မျက်​၀န်း​အောက်​မှာ...သူတကိုယ်​လုံးကျုံ့သွားသလိုခံစားရ​လောက်​​အောင်​ အရှိန်​အ၀ါကြီးလွန်းသည်​။
ဗာဒံ​စေ့လိုဝန်းဝန်းဝိုင်းဝိုင်း မျက်​၀န်း​တွေရယ်​..​ဖြောင့်​တန်း​နေတဲ့ နှာတံရယ်​...နီရဲဖူးအိ​နေတဲ့နူတ်​ခမ်းတစ်​စုံရယ်​က ကိုကို့မှာ အ​မေ့ဆီကအ​မွေ​တွေပင်​ဖြစ်​မည်​...။
ထက်​မြက်​လွန်းလှတဲ့ သူမရဲ့သွင်​ပြင်​​ကြောင့်​ ရှိရင်းစွဲအသက်​ထက်​​တောင်​....ပိုနု​နေသ​ယောင်​..။နိုင်​ငံခြားမှာအ​နေများတာ​ကြောင့်​လည်းပါမှာ​ပေါ့....။

** ဟုတ်​ကဲ့...ကျွန်​​တော်​ Do kyungsoo ပါ..**

ခါး​လေးကိုင်းကာ...ရိုရို​သေ​သေနဲ့​ဖြေ​လိုက်​သည်​။

** ငါ Park Chanyeol အ​မေ...မင်းက ငါ့သားနဲ့ ဘယ်​လိုပတ်​သက်​​နေလဲ....​ဆောရီး..ငါ​မေးတာမှားသွားတယ်​....ဘယ်​အတိုင်းအတာထိပတ်​သက်​ပြီးပြီလဲ...**

တဲ့တိုး​မေးချလိုက်​တဲ့ ​မေးခွန်းနဲ့ စူးစိုက်​ကြည့်​လာသည့်​ သူမရဲ့ စူးစမ်းတဲ့အကြည့်​​တွေကို မခံနိုင်​စွာနဲ့ ​ခေါင်းကိုငုံ့ချလိုက်​မိသည်​။
သူဘယ်​လို​ဖြေရမလဲ...
မ​နေ့ညမတိုင်​ခင်​အထိ သူတို့နှစ်​​ယောက်​ရဲ့ပတ်​သက်​မှုကရိုးသားတယ်​လို့​ပြောရမလား..။
ကိုကို့ကိုကျွန်​​တော်​အရမ်းချစ်​တယ်​လို့ ၀န်​ခံရမလား.....။
ကျွန်​​တော်​တို့နှစ်​​ယောက်​ကို လက်​ခံ​ပေးပါလို့ ဒူး​ထောက်​ပြီး ​တောင်းဆိုရမလား...။ဆိုတဲ့ အ​ဖြေ​ပေါင်းများစွာကို ​ဖြေ​နေ​ပေမဲ့လည်းလက်​​တွေ့မှာ ပါးစပ်​က ဘာစကားမှမထွက်​လာတဲ့အခါ....

Heart's Confession (completed) (Zawgyi&uni)Where stories live. Discover now