** တောက်...မင်းတို့တော်တော်ညံ့လှချည်လား လူတစ်ယောက်လုံးမျက်စိရှေ့ကနေပျောက်သွားရအောင် သူကကိုယ်ပျောက်အတတ် တတ်နေလို့လား **
ဒေါသကြောင့်ဖြူလွန်းတဲ့အသားအရေကနီရဲပေါက်ထွက်မတတ် ဖြစ်နေသူက Eunwoo။
အခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
ပူလောင်နေတဲ့ရင်ကို ငြိမ်းသတ်စေဖို့အကြောင်းအရာရှာမရ။
kyunggie ပျောက်နေတာ နှစ်ရက်ရှိပြီ။
kyunggie ကိုးရီးယားကို ရောက်ခါကနေတစ်ယောက်တည်းသီးသန့်နေချင်တယ်လို့တောင်းဆိုလာခဲ့တာကြောင့် ကွန်ဒိုခန်းတခန်းမှာတစ်ယောက်တည်းနေစေခဲ့ပေမဲ့ သူမျက်ခြေမပျက်စေဖို့အတွက် လူယုံနှစ်ယောက်ကိုမလှမ်းမကမ်းကနေနောက်ယောင်ခံလိုက်ထား၍ တစ်ခုခုဆိုသူ့ကိုအကြောင်းကြားဖို့မှာထားခံသည်။အခုလည်း သူအိမ်မှာရှိနေတယ်ဆိုလို့စိတ်ချလက်ချနေခဲ့တာ သူရောက်လာတော့တိုက်ခန်းမှာဘယ်သူမှမရှိတဲ့အပြင် ဖုန်းပါစက်ပိတ်ထားကာ လူပါပျောက်နေခဲ့သည်။
အနီးကပ်စောင့်ကြည့်ဖို့ပြောထားတဲ့နှစ်ယောက်လည်း ဘယ်ကိုထွက်သွားမှန်းမသိ။
နောက်ဆုံးတစ်ခုဘဲရှိသည်။
ကလေး Park Chanyeol ဆီရောက်နေတာလား ။
ပုံမှန်ဆို သူချက်ချင်း ဟိုလူ့အိမ်သွားပြီးကိုယ်တိုင်မေးလိုက်ချင်ပေမဲ့ အခုဟာက kyunggie ကသေလူတစ်ယောက်အပြင် သူ့ကိုသူ dyo အဖြစ်ရပ်တည်နေတာ။တော်ကြာ မဆင်မခြင်ပြောလိုက်ပြီးမှ dyoဟာ မသေသေးတဲ့ kyungsoo ဆိုတာ သိသွားရင် သွားပြီ။
သူပေးဆပ်ခဲ့သမျှအချစ်တွေနဲ့ ပိုင်ဆိုင်ရဖို့အချိန်နီးမှ ဒီလိုအဖြစ်မခံနိုင်ဘူး။
kyunggie ကကော ဟိုလူ့ရဲ့မာယာမှာထပ်မကျဆုံးနိုင်လို့ သူအာမမခံနိုင်။သူသိတာပေါ့ kyunggie ရင်ထဲမှာ သူ့ကိုကိုဆိုတာရှိနေသေးတယ်ဆိုတာ။
ဘယ်လောက်ဘဲမုန်းတယ်လို့အော်နေပါစေ မုန်းတဲ့စိတ်နဲ့အချိန်တိုင်းသတိရနေတာ ။
ဒီကိစ္စကို မစခင်ကနေသူတားခဲ့ပေမဲ့ ဟိုလူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်တော့လုပ်ချင်သေးတယ်ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက်သေးသေးလေးတစ်ခု မှာ သူစကားတွေပျောက်ဆုံးသွားရတယ်ဆိုတာ...။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...