** ဟေ့ကောင်...စကားလေးဘာလေးပြောစမ်းပါအုံးကွာ စာအုပ်တွေပေါက်ထွက်ကုန်ပါအုံးမယ်..**
chen ရဲ့ စကားကိုသူဂရုမစိုက်နိုင် ...။သူ့မှာအချိန်မရှိ..နောက်ဆုံးအတန်းတင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့အရေး Do kyungsoo အရေးဖြစ်နေသည်။
ဖြစ်သလိုပစ်ထားတဲ့စာတွေက တကယ့်တကယ်ဖတ်တော့မည်ဟုကောက်ကိုင်လိုက်တော့မှ ဟုတ်တိပတ်တိ ဘာမှမရသေး...။
တစ်ဘာသာကို ခြောက်ရက်ဘဲအချိန်တော့သည်။
သူစကားပြောနေဖို့အချိန်မရှိ...။
သူစာကြိုးစားမှ သူ့အချစ်ကိုယုံဖို့အတွက် စာကြိုးပြသည်မှာခက်တော့မခက်ပေမဲ့ စာကိုမြင်ရင်ခေါင်းကိုက်နေတာများလို့ ...ပစ်ထားသည့်သူ့အဖို့တော့ ..နည်းနည်းတော့စိတ်မသက်မသာဖြစ်စေတာတော့အမှန်ပေ...။စောင့်ကြည့်အုံးပေါ့ လူကြီးရေ...။
အမှတ်များများနဲ့အောင်တဲ့နေ့ကျမှ ဆွဲစိပလိုက်အုံးမယ်...ဟွင်း ဟွင်း....😎😎😎..။
အဲ့ကျမှ ဂေါ်ဖီထုပ်လာမလုပ်နဲ့ နုတ်နုတ်စင်းကြီး ကြော်စားလိုက်မယ်...။မျက်မှန်ကိုပင့်တင်လိုက်...နုတ်ခမ်းတစူစူနဲ့ လက်သီးဆုပ်ကာကြိမ်းဝါးလိုက်...ပြီးတော့ ခေါင်းခါပြီး ပြန်ပြီး စာပြန်ဖတ်လိုက်လုပ်နေသည့် Kyungsoo ကို ကြည့်ပြီး Beakhyun နဲ့ Chen စိတ်ပျက်စွာခေါင်းခါလိုက်ကြသည်။
📲📲📲📲📲📲
baekhyunရဲ့အိတ်ထဲကဖုန်း ringtone သံကြောင့် ထုတ်ကြည့်လိုက်တော့ sehun ဆီကဖုန်းဖြစ်နေတာနဲ့ chen ကလက်ကာပြကာအပြင်ကိုထွက်လာခဲ့သည်။
** ပြော....**
ဟဲလိုဆိုတဲ့အသံချိုချိုလွင်လွင်ထက် ပြော ဆိုတဲ့ဆောင့်ကြီးအောင့်ကြီးအသံကြောင့်...ချေခဲ့သမျှ ဒီကောင်လေးဆီမှာ ၀ဋ်လည်နေသလို။ဒါပေမဲ့ ကိုယ်ကစမှားပြီး ကိုယ်ကဘဲစစိတ်ဝင်စားခဲ့တာဆိုတော့...ချေနိုင်သမျှချေထားကောင်ဆိုးလေးရေ....။
ချေရင်းနဲ့ ချစ်သွားအောင် ကိုယ်ချစ်ပြမှာမို့...။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...