** ဖယ်လူကြီး...ဘာလုပ်တာလဲ..**
** မသိဘူးလား ချီလာတာလေ...ဘာလဲမင်းက မင်းကောင်ရှေ့မှာ ငါလိုအဘိုးကြီးအချီခံရတယ်ဆိုပြီး ရှက်နေတာလား **
** ခွီး..**
** ဘာရီတာလဲ...ပြောင်စပ်စပ်နဲ့ **
သူ့ကိုယ်သူအဖိုးကြီးလို့ပြောနေတာနဲ့ ရယ်ချင်စိတ်ကိုထိန်းမရစွာ ထိန်းချုပ်နေတဲ့ကြားက အသံထွက်မိတော့ လူကြီးဆီကပိတ်အဟောက်ခံလိုက်ရတဲ့ အဖြစ်...။
အခု လူကြီးကသ၀န်တိုနေတာလား ...။
အဟား...Do kyungsoo တို့ထီပေါက်ပြီ။
ကျောင်းသားတွေအလယ်မှာ လူကြီးရဲ့ရှည်လျားနဲ့အရပ်ကြောင့်ထင်းခနဲ့ ဖြစ်နေရုံသာမက သူ့ကိုလည်း ချီထားတာမို့ လူတွေရဲ့ သို့လော သို့လောဆိုတဲ့အကြည့်တွေကြားမှာ Kyungsoo တို့ရှက်လို့ ရင်ခွင်ထဲတိုးဝင်နေတယ်လို့မထင်ပါနဲ့.....။နောက်နေ့ကျောင်းကိုလာတဲ့အခါ မနေ့ကလူကြီးခပ်ချောချောတစ်ယောက်ဆီမှာအချီခံရတာသူပေါ့ဆိုပြီး မှတ်မိသွားအောင်မျက်နှာကြီးကိုတစ်တောင်လောက်ထွက်ပြပြီး ဖြီးပြနေတာက Do kyungsoo လို့ခေါ်တဲ့ကျွန်တော်ပါလေ ...။
ကားနားရောက်တော့ တံခါးကိုဖွင့်ကာ တင်ပေးလိုက်သည်။
ဒေါသကတော့ထွက်တုန်း...။
သြော်...သူ့မှာတော့ ကလေးနေမကောင်းတာကိုမသိလိုက်ဘဲဆူလိုက်မိပြီဆိုပြီး တစ်မနက်လုံး စိတ်မကောင်းဖြစ်ပြီး အလုပ်တောင်ကောင်းကောင်းမလုပ်နိုင်ဘဲနေ့လည်စာစားချိန်မှာအပြင်စာတွေမစားစေချင်တာမို့ သူကြိုက်တဲ့ပီဇာပူပူလေးနဲ့ဆေးဝယ်ပြီးလာခဲ့တာ သူကတော့ မနာလိုဖြစ်စရာကောင်းလောက်ချောတဲ့ကောင်လေးတစ်ယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်ပြနေတာ ....။ သင့်တာမသင့်တာစဉ်းစားချိန်တောင်မရလိုက်ဘဲ ထွက်သွားတဲ့ဒေါသကို သူကိုယ်တိုင်တောင်နားမလည်နိုင်...။
ဒီကြားထဲခြေထောက်ကဒဏ်ရာရနေသေး..။ရှုံမဲ့မဲ့ဖြစ်နေတဲ့မျက်နှာကိုလည်း မကြင်နာနိုင်တော့ ..။အရေးထဲ ဟိုကောင်က စိုးရိမ်ပြနေသေးတော့ လူစိတ်ပေါက်လာကာ ချီယူခဲ့လိုက်သည်။ ဒါမှအေးရော...။
YOU ARE READING
Heart's Confession (completed) (Zawgyi&uni)
Fanfictionအချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွေကို မျက်ရည်အဖြစ် သိမ်းဆည်းရင်း ၀န်ခံလာတဲ့တစ်နေ့ကို..စောင့်မျှော်နေမှာပါ Unicode အချစ်ကနာကျင်စေမှန်းသိခဲ့ပေမဲ့... မျိုသိပ်ထားတဲ့ ယိုဖတ်ကျနေတဲ့အချစ်တွ...