3

5K 739 70
                                    

ZAWGYI

"သူက ဘာလို့ ဒီကိုညတိုင်းလာနေတာလဲ"

      JunMyeonသည် ဧည့်သည်ပါးသွားချိန်တွင် ဆေးထားသော ကော်ဖီခွက်များကို ရေစင်အောင် သုတ်ရင်း မေးမိသည်။
ဤမေးခွန်းသည် ChanYeolထံ နာမည်တပ်ကာ ရောက်လာခြင်း
မဟုတ်သော်လည်း သူ့ ကို ဦးတည်မေးမှန်းတော့ ChanYeolသိလိုက်သည်။ လောလောလတ်လတ် ဧည့်သည်တစ်ယောက်ဆီမှ အမှာစာ လက်ခံရင်းပင် JunMyeonကို 'ကျွန်တော်လည်း မသိဘူးလေ´ဟူသော သဘောဖြင့် ChanYeol ပခုံးတွန့် ပြမိသည်။

       JunMyeon ပြောနေသော'သူ´
ဟူသည် ပထမဆုံးအကြိမ်လာတုန်း ထိုင်သွားသော ချောင်ကျကျ စားပွဲမှာပင် တစ်ပတ်ဆက်တိုက်ထိုင်ကာ လက်တေးနှင့် စတော်ဘယ်ရီကိတ်မုန့် ကိုပင် မရိုးနိုင်စွာ မှာစားနေသည့် Byun BaekHyunပင် ဖြစ်သည်။

"ဟိုကောင်မလေးတွေရောပဲ"

       JunMyeonသည် BaekHyumထိုင်နေသော စားပွဲနှင့် မလှမ်းမကမ်းရှိ စားပွဲမှာ ထိုင်နေသော Sooတို့ သူငယ်ချင်းတစ်စုကိုလည်း မေးဆတ်ပြသည်။ Jong In၏ သတင်းပေးမှုကြောင့် BaekHyun ပထမဆုံး ရောက်လာပြီး နောက်တစ်နေ့တွင် Sooတို့ အုပ်စုပါ ကော်ဖီဆိုင်ဆီ ချီတက်လာကြသည်။ ညနေပိုင်း ပြဇာတ်တိုက်ပြီးချိန်တိုင်း BaekHyunက ကော်ဖီဆိုင်မှာ လာထိုင်တတ်ပြီး
Sooတို့ လည်း BaekHyun လမ်းစဉ်အတိုင်း လိုက်နေသည်မှာ တစ်ပတ်ပင် ရှိနေပြီ။

"ဟေ့ Jong In…လက်ထဲက မုန့် က ဘာလဲ"

       အဆာပြေ မုန့် ခြင်းတစ်ခြင်းကို ကိုင်လျက် ထွက်သွားဟန်ပြင်နေသော Jong Inကို JunMyeonက လှမ်းဟန့် သည်။

"ကျွန်တော် ရှင်းမှာပါ"

        Jong Inသည် သူ့ လခထဲက စိုက်ရှင်းထားသော
မုန့် ခြင်းကို Sooတို့ စားပွဲမှာ မျက်နှာလိုမျက်နှာရ သွားချပေးသည်။
ထို့ နောက် 'ဆိုင်က အထူးဝန်ဆောင်မှုပေးတာပါ´ဟု ဆိုသေးသည်။

"ပြီးခဲ့တဲ့တစ်ပတ်က အလုပ်တစ်ရက်ဖျက်ပြီး Jong Inက သူ့ ကောင်မလေးကို ဖွင့်ပြောလိုက်တာရော ဟုတ်ရဲ့လား"

       ChanYeolသည် JunMyeon၏ စကားကို နားမရှင်းပေ။ Jong In၏ ဝန်ခံမှုအတွက် အလုပ်တစ်ရက်ဖျက်ပြီး ကျောင်းရှေ့မှာ စောင့်နေခဲ့ရသည်ကတော့ အမှန်ပင်။ နားမလည်သော နောက်ဆက်တွဲစကားအတွက် ChanYeolသည် JunMyeonကို မျက်လုံးပြူးကာ ကြည့်နေမိတော့ JunMyeonက
သူ့ စကားကို ဆက်သည်။

Something Kinda CrazyWhere stories live. Discover now