9

2.6K 427 8
                                    

ZAWGYI

           အချိန်ပိုင်းအလုပ်ပြီးချိန် အိမ်ပြန်လာတော့ ညမိုးချုပ်နေပြီ။ ခါတိုင်း အိမ်ပြန်ချိန်ထက် နှစ်နာရီ‌လောက် နောက်ကျနေပြီမို့ ညခင်းအချိန် လှုပ်ရှားနေသော လူများ၊ ဆိုင်ခန်းများနှင့် ကားများကို နေ့ခင်းဘက် မြင်ရသော အမြင်နှင့်မတူဘဲ အမြင်ဆန်းစွာ တွေ့ရသည်။ ညနေကတည်းက ညှို့မှိုင်းနေ‌သော ကောင်းကင်က မိုးလေ၀သခန့်မှန်းချက်အတိုင်း မိုးမရွာချသေးပေ။ မကြာခင် မိုးရွာတော့မလို ခံစားနေရသဖြင့် ခြေလှမ်းတွေကို ခပ်မြန်မြန် လှမ်းနေမိသည်။

      ညစာအတွက် လမ်းထိပ်က စတိုးဆိုင်မှာ ကြက်အူချောင်းအစာသွပ်နှင့် ခေါက်ဆွဲဘူး ၀င်ဝယ်လိုက်သည်။ အမေသိလျှင် ဆူမည်‌ဖြစ်သော်လည်း အိမ်မှာ တစ်ယောက်တည်း ရှိနေသော အချိန်ကာလအတွင်း သူကြိုက်ရာ စားနေခြင်းပင်။

      အိမ်နားမရောက်ခင်မှာ ဘေးကနေ စက်ဘီးတစ်ဘီးနှင့် ဖြတ်သွားသော စုံတွဲတစ်တွဲကို ‌မြင်တော့ Jong Inတို့ကို သတိရသွားသည်။ ဒီအချိန်ဆို Jong Inတို့ ရုပ်ရှင်ကြည့်ပြီး ညစာစားနေလောက်ပြီ ထင်၏။

      သော့ခတ်ထားသော တံခါးကို ဖွင့်ဝင်လာခဲ့ပြီး အိမ်ထဲ ခြေချလိုက်ချိန်တွင် အမှောင်ထုက ဆီးကြိုနေသည်။ အဝင်ဝနားမှာတင် ရှိသော မီးခလုတ်ကို လက်နှင့် စမ်းပြီး ဖွင့်လိုက်‌တော့တီဗွီတစ်လုံး၊ ဆိုဖာခုံရှည်တစ်ခုနှင့် ထိုင်ခုံနှစ်လုံးတို့ အကျအန တည်ရှိနေသော ဧည့်ခန်းငယ်ကို တွေ့ရလေသည်။ အိပ်ခန်းထဲ အထိ မသွားနိုင်တော့ဘဲ ဆိုဖာခုံပေါ် မှာ ပစ်လှဲချမိသည်။
အရပ်ရှည်‌သော သူ့အတွက် ‌သုံး‌‌ယောက်ထိုင်ဆိုဖာခုံက သေးနေသလိုပင်။ ခြေသလုံးအောက်ပိုင်းက အပြင်ကိုကျော်ထွက်နေသည်။

      မျက်နှာကျက်မှ မီး‌ရောင်က ခပ်ဖျော့ဖျော့သာ။ အရင်လောက် မလင်းတော့သဖြင့် မီးလုံးလဲရမည်ဟု ChanYeol တွေးမိသည်။

      ထိုစဉ် အိမ်ရှေ့ခြံတံခါးမှ ဘဲလ်တီးသံ မြည်လာသည်။ ဒီအချိန် လာစရာဧည့်သည် မရှိပေ။ မေမေပြန်လာတာလည်း မဟုတ်။ ပြန်လာဖို့ ကြာဦးမည်လို့ နံနက်ပိုင်းက ဖုန်းဆက်ထားသည်။

Something Kinda CrazyWhere stories live. Discover now