35

2.1K 445 145
                                    

ZAWGYI

အခမ်းအနားပြီးသည်နှင့် ChanYeolတို့ အခန်း(၃)မှ ကျောင်းသားများသည် အထက်တန်းပြီးသည့်အထိမ်းအမှတ်အနေနှင့် စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ ပျော်ပွဲရွှင်ပွဲကျင်းပကြလေသည်။

ပျော်ပွဲရွှင်ပွဲဆိုသည့်အတိုင်း အရက်ဘီယာကလည်း မပါမဖြစ်ပေ။ စားပွဲဝိုင်းရှိ လူတိုင်းက အသက်ပြည့်ပြီးသည့်အပြင် ‌အထက်တန်းလည်း အောင်ပြီးပြီမို့ လွတ်လွတ်လပ်လပ် သောက်စားနေကြသည်။

BaekHyunကြောင့် စိတ်အဆင်မပြေဖြစ်နေသော ‌ChanYeolက စားပွဲဝိုင်း၏ အစွန်ဆုံးနေရာမှာ ငြိမ်ငြိမ်ကုတ်ကုတ်လေး ထိုင်နေမိသည်။ တကယ်ဆို သူလာဖို့တောင် စိတ်မပါပေ။ သို့သော် အတန်းဖော်များက စီစဉ်သော ပွဲတစ်ခုဖြစ်သည်ကတစ်ကြောင်း၊ တစ်ချို့သူငယ်ချင်းများက နိုင်ငံခြားမှာ ကျောင်းသွားတက်ကြမည်ဖြစ်သဖြင့် နောက်ဆို တွေ့နိုင်ဖို့ မသေချာသည်ကတစ်ကြောင်းကြောင့် သူ မဖြစ်မနေ ရောက်နေရခြင်းဖြစ်သည်။

စားသောက်ဆိုင်၏ အပေါ်ထပ်တစ်ထပ်လုံးကို ငှားထားသဖြင့် အခြားသူများကို အာရုံစိုက်စရာမလိုဘဲ စိတ်တိုင်းကျ သောင်းကျန်းဖို့ အဆင်ပြေလေသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ၊ အရက်လေးလည်း အ၀င်များလာသည်နှင့်အမျှ စားသောက်ဝိုင်းက တဖြည်းဖြည်း အသက်ဝင်လာတော့သည်။

"ChanYeol..ထည့်သောက်လေကွာ"

ပွဲစီစဉ်သူများထဲမှ တစ်ယောက်ဖြစ်သည့် သူငယ်ချင်းတစ်‌ယောက်က လက်ထဲမှာ အရက်တစ်ခွက်ကိုင်လျက် ChanYeolဘေးနား လာထိုင်သည်။ အမြည်းများသာ ထိုင်စားနေသော ChanYeol၏ အလွတ်ဖြစ်နေသည့် ခွက်ကို မြင်ပြီးသည့်သကာလတွင် အရက်ပုလင်းကို ဆွဲယူကာ အတင်းထည့်ပေးဖို့ ကြံရွယ်သည်။

"တော်ပြီ..တော်ပြီ..ငါသိပ်မသောက်တတ်လို့"

"နည်းနည်းပါးပါးသောက်ပါကွ..ပျော်ပျော်ပါးပါးပေါ့"

အရက်ကြောင့် ရီဝေဝေဖြစ်နေပုံရ‌သော သူငယ်ချင်းနှင့် သူ ပြိုင်မငြင်းချင်၍ ခွက်ထဲသို့ တစိမ့်စိမ့်ကျလာသည့် အရက်များကို သူ ဒီတိုင်းထိုင်ကြည့်နေလိုက်သည်။

Something Kinda CrazyWhere stories live. Discover now