33

2K 409 41
                                    

ZAWGYI

"အမေ.."

ရေရွတ်မိလိုက်သော သူ့အသံကြောင့် BaekHyunက အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားခဲ့သည်။ လူသိမခံဖို့ ဆုံးဖြတ်ခဲ့သူမှာ BaekHyunပေမို့ ဒီလိုအခြေအနေမှာ ထိတ်လန့်နေမှာ အမှန်ပင်။ ကြောက်လန့်စိတ်အပြည့်ရှိနေမည့် BaekHyunကို သူက အရှေ့ကနေ ကာကွယ်ပေးချင်ပေမယ့် သူက ရှေ့တိုးလိုက်လျှင် ပိုသိသာသွားမည်စိုး၍ ငြိမ်နေရုံသာတတ်နိုင်သည်။

"အ..အမေ..မင်္ဂလာပါ..ကျွန်တော် သွားလိုက်ပါဦးမယ်"

ပြောစရာစကားများ ကင်းမဲ့ကာ‌ နေရခက်နေသည့် အခြေအနေမှာ အထစ်ထစ်အငေါ့ငေါ့ ပြောလာသူက BaekHyunဖြစ်သည်။ BaekHyunသည် ChanYeolအမေကို မရဲတရဲ ခေါင်းငုံ့နှုတ်ဆက်ပြီးသည်နှင့် ကားဆီသို့ အပြေးတစ်ပိုင်းသွားကာ မောင်းထွက်သွားခဲ့သည်။

ငြိမ်သက်သွား‌သော နေရာတွင် မေမေနှင့် ChanYeolသာ ကျန်ရစ်နေတော့သည်။

"အမေ.."

မေမေ့အနားသို့ အမြန်သွားကာ လက်ထဲမှ အိတ်ကို ဆွဲယူလိုက်သည့် သူ့လက်များက တုန်ရီနေခဲ့သည်။

"ဒီအချိန်ကြီး ဘာထွက်ဝယ်တာလဲ...သားကို ဖုန်းဆက်လိုက်တာ မဟုတ်ဘူး..ဝယ်လာခဲ့မှာပေါ့"

"သား.."

သူ့ကို တည့်တည့်စိုက်ကြည့်နေသည့် မေမေ့၏ မျက်ဝန်းများကို သူ ရင်မဆိုင်ရဲပေ။ BaekHyunအကြောင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုမပြောစေဖို့ စကားလွှဲလိုက်ပေမယ့် သူ့အကြံအစည်က အောင်မြင်ပုံမပေါ်။

"ဘယ်လောက်ကြာပြီလဲ"

"သားနဲ့ BaekHyunက သူငယ်ချင်းတွေပါ အမေရဲ့..."

"အဘွားဈာပနကို လာကတည်းကမလား"

မေမေ့၏ စူးရှသည့် မျက်ဝန်းများသည် သူ့အတွေးထဲအထိ ဖောက်ထွင်း‌မြင်နေခဲ့သလို။ ဘာစကားမှ ဆက်မပြောနိုင်ဘဲ လူသေကောင်လိုတောင့်တင်းနေမိသည့် သူ့လက်များသည် တဖြည်းဖြည်း အေးစက်လာခဲ့သည်။

"မေမေ သိပါတယ်..သားရဲ့..ကိုယ်မွေးထားတဲ့ သားအကြောင်းကို မေမေ မသိဘဲ နေပါ့မလား"

မေမေက သူ့ကို ကြည့်ပြီး ပြုံးနေသောအခါ
ပြူးကျယ်နေခဲ့သော သူ့မျက်လုံးများက ပို၍တုန်လှုပ်သွားသည်။ ‌ခြေထောက်များတွင် အားမရှိတော့သဖြင့် ယိုင်လဲကျချင်နေသည့် သူ့ကို မေမေက လှမ်းထိန်းထားပေးသည်။

Something Kinda CrazyWhere stories live. Discover now