ZAWGYI
"အဲဒါကြောင့်...ဒီ့ထက်ပိုဝေးတဲ့နေရာကို ထွက်ပြေးဖို့ မလုပ်ပါနဲ့ "
ဒီစကားတစ်ခွန်းသည် ChanYeol၏ နောက်ဆုံးအင်အားပင်ဖြစ်သည်။ ကားပေါ်မှ ဆင်းပြီး မြေကြီးပေါ်သို့ ချလိုက်သော သူ့၏ ညာဘက်ခြေထောက်တွင် အားမရှိခဲ့။ မတ်တပ်ရပ်နိုင်ရန်ပင် သူ အားစိုက်ခဲ့ရသည်။
ညနေခင်းမှသည် ညခင်းအချိန်သို့ ကူးပြောင်းလာသဖြင့် မှောင်မိုက်သော လမ်းကို မီးတိုင်များက အလင်းပေးနေကြသည်။ အရှေ့ကို သဲကွဲစွာ မမြင်ရဘဲ မှုန်ဝါးနေခဲ့သော အမြင်အာရုံသည် အမှောင်ထုကြောင့်လား၊ မျက်ရည်များကြောင့်လား သေချာမသိ။
သူ သေချာသိသည်မှာ ရင်ဘတ်ထဲက နာကျင်နေသည် ဆိုတာပင်။ သေနတ်တစ်ချက် ပစ်လိုက်လျှင် ကျည်ဆံတစ်တောင့်တည်းနှင့် အဆုံးသတ်သွားရမည့်အစား ခပ်တုံးတုံး ဓားနှင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသလို။ နာကျင်မှုသည် စပ်ဖျဉ်းဖျဉ်းခံစားချက်မျိုးဖြစ်သည်။
အချစ်ဦးနှင့် ဝေးခဲ့ပြီးကတည်းက ငြိမ်သက်နေခဲ့သော နှလုံးသားသည် ပြန်နိုးထလာခဲ့သည်မှာ သိပ်မကြာသေးပေ။ အခု သူ့နှလုံးသားကို အလုပ်ရှုပ်စေခဲ့သူကလည်း သူ့ကို အနားထပ်မတိုးလာဖို့ သတိပေးခဲ့သည်။ သူသည် အချစ်ရေးမှာ ကံခေနေသည်ထင်၏။
~~~
သူက မကုန်ဆုံးစေချင်လည်း အချိန်နှင့် နေ့ရက်များသည် တရွေ့ရွေ့ သွားနေသည်ဖြစ်ရာ နှစ်ပတ်ဆိုသော အချိန်ကာလကို ကျော်လွန်လာခဲ့သည်။
မြင်နေရရုံနှင့် ကျေနပ်သည်ဆိုသော စကားမှာ သူ့အတွက် အလကားမဟုတ်။ BaekHyun၏ အပြုံးများသည် သူ့အတွက် မဟုတ်သော်ငြား သူ အဝေးကနေ ငေးကြည့်ရင်း ပျော်ခဲ့ရသည်။ တစ်ခါတစ်လေ ပိုင်ဆိုင်ချင်စိတ်လေးရှိလာပေမယ့် သူ ရှေ့ဆက်မတိုးရဲ။ ပထမတစ်ခါ ထွက်ပြေးလာခဲ့ဖူးသော BaekHyunအတွက် ဒုတိယအကြိမ်ဆိုတာလည်း မခဲယဉ်းပေ။ ထိုသို့ ထွက်ပြေးသွားလျှင် ဒုက္ခအများဆုံးဖြစ်မည့်သူမှာ ChanYeolပင်ဖြစ်သည်။ ကျန်ရစ်ခံရသော ခံစားချက်ကို သူတစ်ခါ ခံစားခဲ့ဖူးသည်။ နောက်ထပ်တစ်ကြိမ်ဆိုလျှင် သူ ထပ်ချစ်ဖို့ သတ္တိတောင် ကျန်တော့မည်မထင်။
YOU ARE READING
Something Kinda Crazy
FanfictionJust a love story but not simple. Love is kinda crazy. 💕ChanYeol×BaekHyun💕 {Zawgyi + Unicode}