25

2.3K 455 30
                                    

ZAWGYI

အိမ်ထဲမှာ ရေလျှံသွားသည့်ကိစ္စသည် ယေဘုယျအားဖြင့် ကြည့်လျှင် မကောင်းသည့်အဖြစ်ဟု မှတ်ယူနိုင်သော်လည်း ChanYeolအတွက်ကတော့ အဆင်ပြေစေသည်။ ထိုဖြစ်ရပ်ကို အကြောင်းပြု၍ BaekHyunအိမ်မှာ သုံးရက်လောက် အချိန်ကုန်ခွင့်ရခဲ့သည်။ ရေပိုက်ပြင်ပြီးသွားသည်အထိ၊ ရေစိုသွားသော ပရိဘောဂများကို ပြန်လည်အခြောက်ခံပြီးသည်အထိ သုံးရက်သာ ကြာခဲ့ခြင်းကိုလည်း သူက မကျေနပ်နိုင်။ ဒီ့ထက်ပိုကြာလျှင် ကောင်းမည်ဟုပင် တွေးမိသေးသည်။

ကျောင်းမှာ ရင်းနှီးခွင့်မရှိသော ဆက်ဆံရေး၊ ကော်ဖီဆိုင်မှာ ငေးကြည့်ရုံသာ ရှိသော ဆက်ဆံရေး၊ သူ့ကို အိမ်ပြန်လိုက်ပို့ပေးသည့်အချိန်မှသာ စကားပြောခွင့်ရသော ဆက်ဆံရေးအတွက် BaekHyunအိမ်မှာ အချိန်ကြာကြာနေချင်သည်မှာ သူ့ရဲ့ လွန်ကဲ‌သော ဆုတောင်း မဟုတ်ဟုလည်း ထင်သည်။

"ပထမဆုံးအနမ်းဆိုတာ.."

အနောက်မှ စကားသံကြောင့် ရေဆေးပြီးသား ကော်ဖီခွက်များကို ခပ်ဖွဖွ သုတ်နေသည့် သူ့လက်များ၏ လှုပ်ရှားမှုက ခဏရပ်တန့်သွားသည်။ အခုထိ ပထမဆုံးအနမ်းကို အကောင်အထည်မဖော်ရသေးသူ ဖြစ်သဖြင့် အကြံဉာဏ်ရလိုရငြား နားစွင့်ထားလိုက်မိသည်။

အသံပိုင်ရှင်သည် JunMyeonဖြစ်သည်။ အသက် သုံးနှစ်ကြီးသည်ကို အခွင့်ကောင်းယူကာ အမြဲတမ်း လူတတ်ကြီး လုပ်တတ်သော JunMyeon၏ အကြံဉာဏ်များက တစ်ခါတစ်လေတော့လည်း အသုံးဝင်ပါ၏။

"ဟေ့..ဟေ့..မင်းက ဘာဆိုင်လို့ နားထောင်နေတာလဲ"

သိသာနေသော သူ့ပုံစံကို Jun Myeonက မြင်သွားသည်။ JunMyeon၏ ပို့ချချက်များကို နားထောင်နေသူ Jong Inကလည်း သူ့ကို ကြည့်လာသည်။

"မင်းမှာ ပထမဆုံးအနမ်းကို ပေးစရာလူ‌လည်း မရှိဘဲနဲ့"

စကားလုံးများက အရှိုက်တည့်တည့်ထိသည်။
BaekHyunကို အဝေးကပဲ ငေးကြည့်နေရသူအဖြစ်၊ မတွေ့ခင် အရင်ရှောင်သွားရမည့်သူအဖြစ် သူနှင့် သိသည့် လူများအမြင်မှာ အငြင်းခံထားရသူတစ်ယောက်လို ဆက်လက်ဟန်ဆောင်နေရသောကြောင့် သူ အသာငြိမ်နေလိုက်ရသည်။ စိတ်ထဲမှာတော့ BaekHyunရှိတယ်ဟု ကြွေးကြော်မိသည်။

Something Kinda CrazyWhere stories live. Discover now