39

2.4K 452 65
                                    

ZAWGYI

အဲဒီနေ့က BaekHyunနှင့် ChanYeolက မီးပုံးပွဲတော်ရှိသော မြို့လေးမှာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြသည်။ မမျှော်လင့်ဘဲ တွေ့ရသော ပုံရိပ်လေးက သူ့ကို တွေ့တွေ့ချင်း ရှောင်ပြေးဖို့ ကြံရွယ်ခဲ့သည်။ သို့ပေမယ့် သူက လှမ်းခေါ်လိုက်သည်။ ပြီးတော့ သူ့ခံစားချက်ကို ဖွင့်ဟခဲ့သည်။

'မင်းကို ငါ့ဘ၀ထဲ ၀င်ခွင့်ပြုလိုက်ဖို့ပေါ့'

စာကြောင်းက သိပ်မရှည်ပေမယ့် ပြောထွက်ဖို့အတွက် တကယ်ကို သုံးလကြာခဲ့သည်။ ChanYeol စကားအတိုင်းဆို သုံးလနှင့် နှစ်ရက်။

ကျောင်းဆေးခန်းမှာ ပြောခဲ့သော ChanYeol၏ စကားကို ကြားပြီးကတည်းက သူ အပြန်ပြန်အလှန်လှန် တွေးတောခဲ့သည်။

'ငါ မင်းအကြောင်းကို ပိုသိချင်တယ် BaekHyun'တဲ့။

စစကြားချင်း သူ အံ့ဩသွားခဲ့သည်။ နောက်တော့ တုန်လှုပ်သွားခဲ့သည်။

သူ့ဘ၀ထဲကို ဘယ်သူမှ ၀င်မလာနိုင်ဖို့ အစကတည်းက သူကိုယ်သူ တံတိုင်းအထပ်ထပ် ကာထားခဲ့သည်။ အချိန်တန်လျှင် မိဘများ ရွေးချယ်ပေးသော လမ်းကြောင်းတစ်ခုပေါ် လျှောက်လှမ်းဖို့ ငယ်စဉ်ကတည်းက ‌ဆုံးဖြတ်ထားခဲ့သည့် သူ့အတွက် သူငယ်ချင်း၊ ချစ်သူဆိုတာက တံတိုင်းအပြင်ဘက်မှ လူသက်သက်ပင်ဖြစ်သည်။

ဘေးနားမှာ သူငယ်ချင်းများစွာ ရှိ‌သော်လည်း သူ့ဘ၀ထဲ ၀င်ရောက်စွက်ဖက်လာမည်စိုးသဖြင့် သူ့ဘ၀၏ စည်းအပြင်ဘက်တွင်သာ ထားသည်။
သူ့ခံစားချက်များက သူတစ်ယောက်တည်းသာ သိဖို့လိုအပ်သည်။ သူ့ပုံစံအစစ်အမှန်ကို ချပြပြီးသည့်နောက်တွင် ဘေးလူများက သူ့ကို မိဘများ၏ ဂရုစိုက်မခံရလေခြင်းဆိုပြီး သနားညှာတာကာ အလျှော့ပေးဆက်ဆံကြမည်ကို သူ မလိုချင်။ ရှင်းရှင်းပြောရလျှင် သူက သနားမခံချင်တာ ဖြစ်သည်။ ထို့ကြောင့် အရာအားလုံး ပြီးပြည့်စုံနေသည့် ပုံစံဖြင့်သာ သူ နေသည်။ သူ့ကို လူအများစုက အားကျရလောက်သည်အထိ သူ အဆင်ပြေပြေဟန်ဆောင်နေခဲ့သည်။

တစ်ခါတစ်ရံ ၀မ်းနည်းရသော်ငြား၊ ထိုဝမ်းနည်းမှူကို ဖုံးကွယ်ထားရသော်ငြား ငယ်စဉ်ကတည်းကလျှို့ဝှက်ချက်များဖြင့် ကျင့်သားရနေသည့်သူက ဘေးလူများမသိနိုင်သည်အထိ ဟန်ဆောင်ကောင်းနေခဲ့သည်။

Something Kinda CrazyDove le storie prendono vita. Scoprilo ora