14

2.6K 455 34
                                    

ZAWGYI

အိပ်ရာနိုးနိုးချင်း ChanYeol ချက်ချင်း ထထိုင်လိုက်မိသည်။ ခေါင်းထဲ အနည်းငယ် မူးနောက်သွားသဖြင့် နားထင်ကို လက်နှင့် ဖိထားလိုက်မိသည်။ ဝိုးတဝါးမှတ်ဉာဏ်များသည် ရုပ်ရှင်ပြကွက်လို အစီအရီ ပေါ်လာသည်။ အိပ်မက်ထဲမှာ သူက BaekHyun လက်ကို ဆုပ်ကိုင်လျက် တစ်ကျောင်းလုံးအနှံ့ လျှောက်သွားခဲ့သည်။ ချယ်ရီပင်ကြီးအောက်မှာ သူတို့ အနမ်းချွေမည့်ဆဲဆဲ သူ လန့်နိုးလာခြင်းပင်။ ထိုအကြောင်းအရာများကို အတိအကျမဟုတ်သော်လည်း အကြမ်းဖျင်းသဘောမျိုး သူ မှတ်မိနေသဖြင့် မျက်နှာပူလာသည်။

ပွရှုပ်‌နေသော ဆံပင်ကောက်များကို စိတ်ရှုပ်ရှုပ်နှင့် ထပ်ထိုးဖွပစ်မိတော့ ခွေလိမ်‌နေပြီးသောဆံပင်များက ငှက်သိုက်သဖွယ် ဖြစ်သွားသည်။ BaekHyun၏ မွေးနေ့ပါတီကို သွားပြီးကတည်းက သူ့စိတ်တွေ ပုံမှန်မဟုတ်တော့သလို ခံစားနေရသည်။

ရေမိုးချိုး၊ အ၀တ်အစားလဲကာ အိပ်ခန်းထဲမှ ထွက်လာတော့ မေမေက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်။ ထမင်းစားပွဲပေါ်မှာ အသင့်ပြင်ထားပြီးသော နံနက်စာ ထမင်းဟင်းများကို တွေ့ရသည်။ ChanYeolက ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်သည်။

"သား..ဟိုတစ်နေ့က အ၀တ်တွေကို အမေ လျှော်ပြီး ထည့်ထားပြီးပြီ"

မေမေက ဟင်းရည်အိုးကို မီးဖိုပေါ်မှ ချကာ ထမင်းစားပွဲပေါ် တင်ပြီး ChanYeolနှင့် မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ ထို့နောက် ဘေးခုံမှာ တင်ထားသော အိတ်တစ်လုံးကို ChanYeolဆီ ပေးသည်။

"ကိုယ့်ဘာသာ လျှော်ပါမယ်ဆို"

အိတ်ကို ဖွင့်ကြည့်‌တော့ BaekHyun၏ မွေးနေ့ပါတီမှာ သူဝတ်ခဲ့သော အပြာနု‌ရောင် ရှပ်အင်္ကျီနှင့် အနက်‌ရောင် ဘောင်းဘီကို အကျအန ခေါက်လျက်သား တွေ့ရသည်။

"အိပ်ရာခင်းတွေ လျှော်ရင်း အ၀တ်လေး တစ်ထည် နှစ်ထည်လောက် ပိုလျှော်လိုက်တာ ဘာမှ အပန်းမကြီးဘူး..သား သူငယ်ချင်းကို သေချာ ပြန်ပေးလိုက်ဦးနော်"

"ဟုတ်"

"ဪ..ဂစ်တာတီးတာလည်း တီးပေါ့..လက်ကိုလည်း ဂရုစိုက်ဦးလေ..စာမေးပွဲရှိသေးတယ်မလား"

Something Kinda CrazyWhere stories live. Discover now