22

2.5K 481 18
                                    

ZAWGYI

တုန်ခါမှုသည် BaekHyun၏ ဘောင်းဘီ အိတ်ကပ်ထဲမှာ ရှိနေသော ဖုန်းဆီမှဖြစ်သည်။
BaekHyunသည် သူ့လက်များအကြားမှ ရုန်းထွက်သွားကာ ဖုန်းကို ဖြေသည်။ ဆောင်းဦး၏ အေးချမ်းမှုကြောင့်လား၊ ရှက်နေ၍လား မသေချာသော BaekHyun၏ နီတာရဲ‌နေသည့် ပါးနှစ်ဖက်နှင့် နားရွက်ဖျားများကို ChanYeol အသည်းယားစွာ ကြည့်နေမိသည်။

ပါးပြင်မှာ ခြောက်ကပ်သွားသော မျက်ရည်စီးကြောင်းကို အခုမှ သတိရသွားပြီး လက်ဖဝါးနှင့် ပွတ်သုတ်လိုက်သည်။ ထိုအခါမှ သူ့မျက်နှာလည်း ပူထူနေသည်ကို သတိထားမိသွားသည်။ ပထမဆုံးသော အထိအတွေ့သည် သူ့ကိုရော BaekHyunကိုပါ မျက်နှာပူစေသည်။

"Yi Fan Hyungဆက်တာ..အခု လေဆိပ်ရောက်နေပြီတဲ့..သွားတော့မှာမို့လို့ လှမ်းနှုတ်ဆက်တာ"

ရှက်စိတ်ကြောင့် တစ်ကိုယ်လုံး ထူပူပြီး ဘာကိုမှ အာရုံစိုက်မိပုံမရသော သူ့ကို BaekHyunက ရှင်းပြလာသည်။ အခုချိန်မှာ ရှက်နေသူသည် သူတစ်ယောက်တည်းသာမဟုတ်။ BaekHyun
လည်း သူ့နည်းတူပင်ဖြစ်လိမ့်မည်ကို အခုထိ သူ့ဆီ ကြည့်မလာသေးသော မျက်ဝန်းကျဉ်းကျဉ်းများက သက်သေခံသည်။

တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ရင်မဆိုင်ရဲကြဘဲ တခြားနေရာများဆီသာ အကြည့်ပို့ရင်း အလုပ်ရှုပ်နေကြချိန်မှာ ChanYeol မျက်လုံးများက BaekHyun၏ မီးခိုရောင် အနွေးထည်ပါးလေးဆီ အကြည့်ရောက်သွားသည်။

"ဟို..မအေးဘူးလား"

"ဟင့်အင်း"

BaekHyunက သူ့အနွေးထည်လေးကို ရင်ဘတ်လုံအောင် ‌ဆွဲယူရင်း ပြန်ဖြေသည်။ ဒီလိုကြည့်တော့မှ အောက်က တစ်ထပ်ခံဝတ်ထားသော အင်္ကျီ‌က ရင်ဘတ်‌တော်တော်ပေါ်နေသည်ကို သူ သတိထားမိသည်။ နောက်ဆို BaekHyunကို ဒီလိုအ၀တ်မျိုးမ၀တ်ဖို့ သူ သတိပေးထားရမည်။ အခု ရောက်နေသော ဆောင်းဦးရာသီနှင့် မကြာခင် ရောက်လာတော့မည့် ဆောင်းရာသီမှ အအေးဒဏ်ကြောင့်လည်း ဖြစ်သလို၊ သူ့ရဲ့ BaekHyunကို တခြားသူများ လိုတာထက် ပိုမြင်သွားမှာစိုးသည့် သ၀န်တိုမှုကြောင့်လည်း ဖြစ်သည်။

"ဟို..ပွဲတော်ဆီ သွားမှာမလား"

ChanYeolက လည်ပင်းကို လက်နှင့် ခပ်ဖြည်းဖြည်း ပွတ်မိသည်။

Something Kinda CrazyWhere stories live. Discover now