10

2.8K 412 25
                                    

ZAWGYI

         တစ်ညလုံး စိတ်တိုင်းကျရွာ‌နေသော မိုးက အရုဏ်ဦးအချိန်မှာ ဆဲသွားသည်။ ခေါင်မိုးပေါ် တင်ကျန်ခဲ့‌သော မိုးစက်များက တဖြည်းဖြည်း လျှောကျကာ ‌‌ခေါင်မိုးအစွန်းမှာ ရေစက်များအဖြစ် တွဲခိုပြီးမှ မြေပြင်ပေါ်သို့  ဆင်းသက်သည်။

        ညိုမှောင်သော ‌တိမ်လိပ်များအကြားမှ တိုးထွက်လာသော နေရောင်ခြည်သည် ခပ်ဖျော့ဖျော့သာ။ မျက်နှာပေါ်  ကျရောက်နေသော်လည်း ခါတိုင်းလို မျက်စိမစူးပေ။

        ဒီနေ့သည် ChanYeolအတွက် အိပ်ရေး၀၀အိပ်ပြီးမှ နိုးထရသော နေ့ရက်ဖြစ်သင့်သည်။ အိပ်ယာပြောင်းအိပ်ခဲ့သဖြင့် ညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့။ ပြီးခဲ့သောရက်ကလည်း BaekHyunအိမ်မှာ အိပ်ခဲ့၍ ကောင်းကောင်း မအိပ်နိုင်ပေ။ ယခုလည်း စိတ်က မထချင်ပေမယ့် မျက်လုံးက အလိုလိုပွင့်နေသည်။ သူအိပ်ရာထချိန်သည် နံနက်ဆယ်နာရီဖြစ်သည်။

       အိပ်ရာထပြီး အပြင်ထွက်လာတော့ ကိုယ်ပိုင် အိပ်ခန်းလေးဆီ အကြည့်‌ရောက်မိသည်။ အထဲမှာတော့ BaekHyunရှိနေသည်။ ‌ရေချိုးခန်းနှင့် တခြားနေရာများမှာ တိတ်ဆိတ်နေ၍ BaekHyun အိပ်နေဆဲပင်ဖြစ်လိမ့်မည်။

      နံနက်စာသည် ပေါင်မုန့်မီးကင်ဖြစ်သည်။နောက်တစ်နာရီလောက်နေလျှင်ပင် နေ့လယ်စာစားပြီး အချိန်ပိုင်းအလုပ်သွားရမည်ဖြစ်၍ ပေါင်မုန့်နှစ်ချပ်ကိုပဲ ပေါ့ပေါ့ပါးပါး စားဖြစ်ခဲ့သည်။

        သူ နံနက်စာစားပြီးချိန်တွင်
BaekHyunရဲ့ အ၀တ်များကို ရေချိုးခန်းထဲက ထုတ်ကာ ခြံထဲက တန်း‌မှာ ထုတ်လှန်းဖြစ်သည်။

       ဟိုတစ်ယောက်က ဘယ်အချိန်က အိပ်နေမှာလဲ။ စိတ်ထဲကနေ ခပ်ပေါက်ပေါက်တွေးမိသည်။

       ကိုယ့်အခန်းပဲ ဖြစ်သော်ငြား တံခါးကို တန်းမဖွင့်မိ။ အခန်းတံခါးကို နှစ်‌ချက်ခေါက်လိုက်သေးသည်။သို့သော် အထဲက အသံမကြားရပေ။

"BaekHyun"

       အထဲဝင်လာချိန်တွင် BaekHyunက သူ့ခုတင်ပေါ်မှာ ခွေခွေလေးအိပ်နေသည်။ စောင်ကို တစ်ကိုယ်လုံး ဖုံးသည်အထိ ခြုံထားပြီး စောင်အပြင်ဘက်မှာ ရွှေရောင်ခေါင်းလုံးလုံးလေးသာ ထွက်နေသည်။ အလွန်တရာ အိပ်မောကျနေပုံရသော BaekHyunကြောင့် သူ ချက်ချင်း မနှိုးရက်ခဲ့ဘဲ ခဏငေးမိသည်။
သို့သော်လည်း မနှိုးလို့ မဖြစ်ပေ။ သူ အချိန်ပိုင်း အလုပ်သွားရတော့မည်။ အိမ်မှာ BaekHyunကို အိပ်ပျော်လျက်သား ထားခဲ့လို့မဖြစ်။

Something Kinda CrazyWhere stories live. Discover now