32

2K 428 59
                                    

ZAWGYI

ဒီနေ့က သူ့မွေးနေ့ဖြစ်သည်။ သာမန်နေ့များနှင့် မကွဲပြားဟု ထင်ရသော်လည်း ‌မေမေပြင်ပေးသည့် ရေညှိဟင်းချိုနှင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသော နံနက်စာကို မိသားစုသုံးယောက်အတူ စားရခြင်းကပင် သူ့အတွက် ထူးခြားနေခဲ့သည်။

မေမေက ဟိုတစ်နေ့ကမှ အိမ်ပြန်ရောက်လာခဲ့ပြီး ဖေဖေကလည်း အလုပ်မှ ခွင့်တစ်ရက်ယူကာ သူ့မွေးနေ့တွင် အနားမှာ ရှိ‌နေပေးသည်။ မွေးနေ့လက်ဆောင်အဖြစ် ‌အနွေးထည်တစ်ထည်နှင့် ဂစ်တာအသစ်တစ်လုံးကို သူ ရခဲ့သည်။

ကျောင်းသို့ လာခဲ့သော သူ့ခြေလှမ်းများတွင် တက်ကြွမှုအပြည့်ဖြင့်ဖြစ်သည်။ မွေးနေ့ဆိုသော အသိက သူ့ကို အသက်တစ်နှစ်ပိုကြီးသွားစေပြီး ပို၍ ရင့်ကျက်လာကာ လူကြီးမြန်မြန်ဖြစ်စေသည်ဟု ထင်သည်။ သို့သော် လူကြီးဖြစ်နေပြီဆိုသည့်အတွေးက ခံစားချက်ကို တစ်မျိုးထူးဆန်းစေပြန်သည်။

'မွေးနေ့မှာ ပျော်ရွှင်ပါစေ'

ကျောင်းမှာ တစ်နေကုန် မတွေ့ရသော်ငြား စာတစ်စောင်ဖြင့် သူ့စိတ်ကို ကျေနပ်စေသည့် BaekHyunပင်ဖြစ်သည်။

BaekHyunနှင့် အတူရှိနိုင်သည့် အိမ်ပြန်ချိန်ကို သူ အမြန်ရောက်ချင်နေသည်။ လွယ်အိတ်ထဲမှာ သေချာစွာ ထုပ်ပိုးထားသည့် လက်ဆောင်ထုပ်လေးရှိသည်။ ရည်ရွယ်ထားသူက BaekHyunဖြစ်ပေမယ့် သူ့မွေးနေ့မှာမှ ပေးဖြစ်မည့် BaekHyunအတွက် မွေးနေ့လက်ဆောင်ဖြစ်သည်။

"မွေးနေ့မို့လို့ထင်တယ်..မျက်နှာကြီးက အရမ်းတောက်ပနေတာပဲ"

ကောင်တာမှာ အမှာစာလက်ခံနေသည့် သူ့ရှေ့သို့ ‌ရောက်လာသူက JooHyeဖြစ်သည်။ သူ့၏ အကြံပေးကောင်းမှုကြောင့် စန္ဒယားကို ခိုးလေ့ကျင့်နေသော JooHyeကို မိဘများက တွေ့သွားပြီး အနီးကပ်စောင့်ကြည့်နေသည်မို့ JooHyeက အရွဲ့တိုက်ကာ အိမ်နှင့်ကျောင်းအပြင် အခြားဘယ်နေရာမှ မသွားတော့ဘဲ အနုနည်းဖြင့် ဆန္ဒပြလေသည်။ တစ်လခန့်ကြာရှည်ခဲ့သော ဆန္ဒပြမှုက အဆုံးသတ်မှာတော့ JooHyeကို စန္ဒယားသင်တန်းသို့ ရောက်စေခဲ့သည်။ အကြံအစည် အထမြောက်သွားသော JooHyeက အခုတလောမှ ကော်ဖီဆိုင်သို့ ပြန်ရောက်လာခဲ့ပြီး မိဘများနှင့်လည်း အဆင်ပြေနေသဖြင့် မျက်နှာထက်မှာ အရင်ကထပ် ပိုတောက်ပသော အပြုံးပွင့်များနှင့်ဖြစ်သည်။

Something Kinda CrazyWhere stories live. Discover now