34

2K 407 57
                                    

ZAWGYI

အထက်တန်းပြီးသွားသည့်နေ့ရက်များသည် သူ့အတွက် ပျော်ရွှင်ဖွယ်အတိဖြစ်သည်။

နေ့တစ်ပိုင်း အလုပ်လုပ်သည့် ကော်ဖီဆိုင်မှအပြန်တွင် BaekHyunက ခါတိုင်းလိုပင် လူမသိသူမသိ လာကြိုသည့်အပြင် သူ့အိမ်မှာ ညစာစားပြီးမှ ပြန်သည်။ မေမေ့ရှေ့တွင်လည်း အရင်လို ရှက်ရွံ့မနေတော့ဘဲ တရင်းတနှီး နေထိုင်လာသည်။

တစ်ခါတစ်ရံ ‌သူ့အိမ်မှာ တစ်နေကုန် လာနေတတ်ပြီး တစ်ခါတစ်လေ ညပါအိပ်တတ်သည်။ အပြင်မှာ လျှောက်မလည်ရသော်ငြား အိမ်မှာ အတူရှိနေခြင်းကပင် အမှတ်တရပေါင်းများစွာကို ဖန်တီးပေးခဲ့သည်။

ဥပမာ‌ပြောရလျှင် နှစ်ယောက်အတူတူ အ၀တ်များ၊အိပ်ရာခင်းများလျှော်ခြင်း၊ အိမ်သန့်ရှင်းရေးကိုအတူတူလုပ်ခြင်း၊ ဟင်းချက်နေသည့် မေမေ့ကို ဘေးမှ ဝင်ကူပေးခြင်း(တကယ်တမ်းတော့ ၀င်ရှုပ်နေခြင်းသာဖြစ်သည်)၊ ရုပ်ရှင်ကားများကို အတူကြည့်ကာ ဝေဖန်လေကန်ရေးလုပ်ခြင်းတို့ဖြစ်သည်။ သာမန် အမှုမဲ့ အမှတ်မဲ့ ပြုလုပ်နေသည့် နေ့စဉ်ကိစ္စလေးများကပင် သူတို့နှစ်ယောက်အတွက် အမှတ်တရများဖြစ်လာခဲ့သည်။

ဤကဲ့သို့ ပျားရည်ဆမ်းသော နေ့ရက်များကို ကြည်ကြည်နူးနူး ဖြတ်သန်းပြီးသည့်နောက်တွင် အထက်တန်းအောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားကျင်းပပြုလုပ်ရာ နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။

အထက်တန်းအောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားသည် ထင်ထားသည်ထက် ပို၍ ပျော်ရွှင်ဖွယ်ကောင်းသလို လွမ်းမောဖွယ်လည်းကောင်းသည်။

ကျောင်းဝန်းနေရာအနှံ့တွင် ကျောင်းသားအများအပြားသည် မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ ပျော်ပျော်ပါးပါး စကားပြောကာ အမှတ်တရဓာတ်ပုံရိုက်ကူးနေကြသည်။ အကုန်လုံး၏ မျက်နှာထက်တွင် အပြုံးပန်းကိုယ်စီနှင့်။ တော်ရုံတန်ရုံ မျက်နှာတည်တတ်သူများတောင် ဘေးနားရှိလူများမှ အပျော်ဓာတ်များကူးစက်ကာ ပြုံးပျော်မိကြသည်။

ကျောင်းအုပ်ဆရာကြီး၏ မိန့်ခွန်းအပြီး ကျောင်းသားခေါင်းဆောင်တစ်ယောက်က ကျောင်းသားအားလုံးကိုယ်စား စကားပြောနေချိန်တွင် စင်အောက်မှ ကျောင်းသားများမှာ မျက်ရည်တစမ်းစမ်းဖြင့်။ မျက်လုံးထောင့်ကို လက်ညှိုးလေးဖြင့် မသိမသာထောက်ကာ မျက်ရည်ကို ထိန်းသူကထိန်း၊ အသံမထွက်ဘဲ ကြိတ်ငိုသူကငို၊ နှာတရှုံ့ရှုံ့ဖြင့် မျက်ရည်စီးကြောင်းလိုက် ကျသူကသူ စသဖြင့် ကျောင်းခန်းမအတွင်းတွင် မျက်ရည်များ၊ အသံတိတ်ငိုသံများဖြင့် ပြည့်နှက်သွားတော့သည်။ သူငယ်ချင်းများနှင့် ခွဲခွာရမည်ကတစ်ကြောင်း၊ သုံးနှစ်တာလုံး အိမ်ကဲ့သို့ ဖြစ်ခဲ့သော ကျောင်းကြီးနှင့် ခွဲခွာရမည်ကတစ်ကြောင်း၊ အရိပ်ဟောင်းကို စွန့်ခွာကာ လောကသစ်သို့ ခြေဆန့်ရမည်ကတစ်ကြောင်းကြောင့် အားလုံးသည် စိတ်မကောင်းကြပေ။

Something Kinda CrazyWhere stories live. Discover now