28

2.4K 403 29
                                    

ZAWGYI

"အ! နာတယ်"

"ခုနကကျတော့ သက်သာတယ်ဆို"

"ဖယ်...ဆေးကို ညင်ညင်သာသာ မလိမ်းတတ်ရင်လည်း မလိမ်းနဲ့ "

"မနာအောင် လိမ်းပေးပါ့မယ်...ဆေးဘူး ပြန်ပေး"

ဤသည်မှာ ChanYeolက BaekHyunကို ဆေးလိမ်းပေးနေခြင်းဖြစ်သည်။ အကဲပိုလွန်းသော ChanYeolက BaekHyunကို ဧည့်ခန်းကနေ အိပ်ခန်းထဲအထိ ပွေ့ချီလာပြီး အတင်းအကြပ် ဆေးလိမ်းပေးနေခဲ့သည်။

"နောက်တစ်ခါဆို Linကိုပဲ လိမ်းခိုင်းတော့မယ်"

BaekHyun၏ စကားကြောင့် ခြေချင်းဝတ်ကို အသာအယာ ဆေးလိမ်းပေးနေသည့် ChanYeolလက်ချောင်းများက ခဏရပ်တန့်သွားသည်။ မော့ကြည့်လိုက်တော့ သူ့ကို လက်ပိုက်လျက် ကြည့်နေသော BaekHyunကို တွေ့ရသည်။ ကုတင်ပေါ်မှာ ထိုင်နေသော BaekHyunက ကြမ်းပြင်မှာ ဒူးထောက်ထားသော သူ့ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေသည်။

"ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန်မှာ တခြားလူနာမည်ကို မကြားချင်ဘူးဆို"

သူက BaekHyun‌ ပြောခဲ့ဖူးသော စကားနှင့်ပင် ပြန်လည်ချည်တုပ်လိုက်တော့ BaekHyunက ဘာမှပြန်မပြောဘဲ စူပုပ်ပုပ်မျက်နှာထားနှင့် မျက်နှာလွှဲသွားသည်။ အဆူခံလိုက်ရသော ကလေးလေးတစ်ယောက် စိတ်ကောက်နေသလိုပုံစံမျိုးဖြင့် BaekHyunကို ကြည့်ပြီး သူ မပြုံးဘဲ မနေနိုင်။ ဘယ်လိုပုံစံ‌မျိုးပဲဖြစ်‌နေပါစေ၊ သူ့နှလုံးသားကို လှုပ်ရှားမှုမြန်စေသည်မှာ BaekHyun၏ အားသာချက်ပေလား။

"နောက်လည်း ငါပဲ လိမ်းပေးမှာ"

"ဆေးက တစ်နေ့သုံးကြိမ်လိမ်းရမှာနော်"

"အင်းလေ..တစ်နေ့သုံးကြိမ်လည်း ဘာဖြစ်လဲ..ဒီမှာနေပြီး လိမ်းပေးမှာပေါ့"

"ဒီမှာနေမယ်?"

မျက်လုံးအပြူးသားနှင့် သံယောင်လိုက်ပြောနေသော ပုံစံလေးက သူ့ရင်ခုန်နှုန်းကို တိုးစေသည်။

"ဘာလဲ..မရဘူးလား..အရင်ရက်တွေတုန်းကကျ Linကို နေခိုင်းပြီး ငါကျတော့ မရဘူးလား..ငါက ပိုတောင် ရသင့်သေးတာနော်"

BaekHyunက ဆူဆူပူပူလုပ်နေသော သူ့ကို ကြည့်ရင်း ရယ်နေသော်လည်း သူကတော့ မျက်မှောင်ကုတ်လျက်။ အခုချိန်တွင် သူ့စိတ်ထဲမှာ Linကို တော်တော် မကျေမနပ်ဖြစ်နေသည်။ သူက ကျောင်းမှာ၊ ကော်ဖီဆိုင်မှာ တစ်နေကုန် BaekHyunနှင့် မတွေ့ရသည့် နေ့ရက်များမှာ Linက BaekHyunနှင့် အနီးကပ်ရှိနေပြီး ဂရုစိုက်ပေးခဲ့သည့်အကြောင်းကို သိလိုက်ရပြီးချိန်တွင် သူ့စိတ်က ပုံမှန်ဖြစ်နေလျှင်သာ ထူးဆန်း‌နေလိမ့်မည်။

Something Kinda CrazyOpowieści tętniące życiem. Odkryj je teraz