38

2.1K 451 78
                                    

ZAWGYI

အဲဒီနေ့က BaekHyunက ကျောင်းဆေးခန်းက ကုတင်ပေါ်ထိုင်ရင်း အပြင်ဘက်မှ ညနေဆည်းဆာကို ကြည့်နေခဲ့သည်။ သူက ကုတင်ဘေးမှာ မတ်တပ်ရပ်လျက် လက်သီးကို တင်းတင်းဆုပ်ရင်း စကားတစ်ခွန်းပြောဖို့ အားယူနေခဲ့သည်။

'ငါ မင်းအကြောင်းကို ပိုသိချင်တယ် BaekHyun'

ထိုနေ့က သူ့ခံစားချက်ကို ပထမဆုံးအကြိမ်ဖွင့်ဟခဲ့ကာ ပထမဆုံးခြေလှမ်းကို စတင်လှမ်းခဲ့သည်။

သို့သော် လျှောက်လမ်း၏ အဆုံးသတ်မှာတော့ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ မြင်ကွင်းထဲတွင် အဖြူရောင်မျက်နှာကျက်က နေရာယူနေခဲ့သည်။ ထိုမျက်နှာကျက်တွင် အိပ်မက်ထဲမှ BaekHyun၏ပုံရိပ်လေးကို သူ မြင်နေရသည်။ အရာအားလုံးသည် မနေ့တစ်နေ့ကအတိုင်းပင်ဖြစ်သည်။

သူက BaekHyunကို ချောကလက်ဘူးလေး မှားပေးခဲ့သည်။
သူက BaekHyunအနားသို့ ‌ခြေလှမ်းတိုးသွားခဲ့သည်။
သူက BaekHyunအကြောင်းကို ပိုသိချင်ခဲ့သည်။
သူက BaekHyun၏ လက်ချောင်းများကို ဆုပ်ကိုင်ထားခဲ့သည်။
သူက BaekHyun၏ ကိုယ်လုံးလေးကို ဖက်ထားခဲ့သည်။
သူက BaekHyun၏ ခပ်ဖောင်းဖောင်းပါးပြင်နှင့် ခပ်ရဲရဲနှုတ်ခမ်းကို နမ်းခဲ့သည်။

BaekHyunနှင့် ပတ်သက်သမျှ အမှတ်တရတိုင်းသည် သူ့အတွက် အဟောင်းမဖြစ်သွားသည့် အတိတ်များဖြစ်သည်။

မရပ်မနားရွေ့လျားနေခဲ့သော အချိန်စက်ဝန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို တက္ကသိုလ်ပြီးစေကာ အလုပ်ခွင်သို့ ၀င်စေခဲ့သည်။ အခု သူသည် အားကစားရုံတစ်ခုတွင် တိုက်ကွမ်ဒိုနည်းပြအဖြစ် အလုပ်လုပ်နေပြီး ကိုယ်ပိုင်ကားတစ်စီးလည်းရှိသည်။ ကိုယ်ပိုင်ဝင်ငွေအသင့်အတင့်ရှိနေပြီဖြစ်သော သူက အိမ်မှခွဲထွက်ကာ အခန်းတစ်ခုတွင် တစ်ယောက်တည်း သက်သက်ခွဲနေခဲ့သည်။

အခန်းလေးသည် သူတစ်ယောက်တည်းနေဖို့အတွက် လုံလုံလောက်လောက်ကျယ်ဝန်းသည်။ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း၊ မီးဖိုခန်းနှင့် ထမင်းစားခန်းတစ်ဖြစ်လဲ ဧည့်ခန်းအဖြစ် နှစ်မျိုးသုံး၍ရသော နေရာကျယ်တစ်ခုရှိသည်။

Something Kinda CrazyWhere stories live. Discover now