အခုဆို မှိုင်းရိပ် အိပ်မက်တံခွန် မှာတက်နေသည်မှာ တစ်ပတ်တောင်ကျော်လေပြီ။ဒီအခြေအနေအတွင်း ထူးခြားသွားတာကတော့ သူနာမည်လေးတစ်ခုရလာတာပင်။ကျောင်းရှိလူတော်တော်များများ ခေါ်သည်က "မှင်စာ"တဲ့လေ။ဘာလို့ ထို အမည်ပေးကြလဲ သူကိုယ်တိုင်မသိ။အဟတ် လူကောင်သေးလို့ပဲ နေမှာပါလေ။
ထို့ကြောင့်လဲ သူ့ဘေးနားကညဏ်လင်းထွန်းမှလွဲ၍ သူဘယ်သူ့ကိုမှစကားအထွေအထူး အခေါ်အပြောမရှိခဲ့။
"ညဏ် စာကြည့်တိုက် ကဘယ်နားမှာလဲ"
ဆရာမများ အစည်းအဝေးလုပ်နေကြသည်ဆို၍ ဆယ်တန်းအတန်းများ အားလပ်နေကြသည်။ထို့ကြောင့် သူအပျင်းပြေ စာအုပ်ဖတ်ချငိလာသည် ဖြစ်၍ ဘေးကဖုန်းသုံးနေသည့် ညဏ် ကိုမေးမိသည်။
"ဟင် ဘာလဲ မင်းသွားမလို့လား"
"အင်း"
"အာ့ဆို ငါလိုက်ပို့ပေးမယ် ငါလဲပျင်းနေတာနဲ့"
အရှေ့မှထွက်သွားသည့် ညဏ်နောက်က လိုက်ခဲ့သည်။ညဏ်နဲ့တော့ သူတော်တော်ခင်လာသည် ပြောရမည်။
ရန်ကုန်ရောက်တည်းက စကားများများပြောဖူးတာ ဆိုလို့ ညဏ်ပင်။ညဏ် က ချစ်စရာကောင်းသလို စိတ်ထားလေးလဲကောင်းသည်။တစ်ခါတစ်ရံ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးများလဲ လုပ်တတ်သေးသည်။သူ့ထက်ပင် အသားဖြူသည့် ညဏ် သည် မိန်းကလေး ထက်ပင် ချစ်ဖို့ကောင်းသည်ကိုတော့ သူဝန်ခံရမည်။
် သို့သော် သူ ကျောင်းတက်ကတည်းက သူ့ကို ညဏ် ကလွဲ တခြားကျောင်းသားများက မခင်ကြသလို ညဏ် ကိုလဲ ကျောင်းသားတော်တော်များများ မခေါ်မပြောကြသည်ကို သတိထားမိသည်။သူကလဲ တခြားသူအကြောင်း မစပ်စုတတ်သည်မို့ ညဏ်ကို အထူးတလည် မမေးမိပေ
"ရောက်ပြီ မှိုင်းရိပ် ဖိနပ်ချွတ် စာကြည့်တိုက် က ဖိနပ်ချွတ်ပြီးမှ ဝင်ရတာ"
ညဏ် အပြောကို ခေါင်းလေးငြိမ့်ကာ တုန်ပြန်လိုက်ရင်း ဖိနပ်ကို ထောင့်တစ်နေရာတွင် ချွတ်လိုက်သည်။ပြီးနောက် စာကြည့်တိုက်ထဲဝင်လာလိုက်ကြသည်။
ညဏ်လင်းထွန်း သူရှေ့ကအရင်ဝင်သွားတဲ့ သကောင့်သားကိုကြည့်ပြီး အမြင်ကပ်သလို ရှိမိသည်။ခင်တာလဲ တစ်ပတ်ကျော်ပြီကို မှိုင်းရိပ် အချေကောင် ငါ့ကို ဟုတ်တိပတ်တိကိုစကားမပြောဘူး။
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...