အိပ်မက်တံခွန် မုန့်စားဆင်းချိန်ဖြစ်၍ ကန်တင်းတစ်ခုလုံး ဆူညံနေသော်လည်း တိတ်ဆိတ်နေတဲ့ ဝိုင်းကတော့ စကားတစ်ခွန်းမှမပြောဘဲ ငြိမ်သက်နေ၏။
ကျစ် ဒါဘယ်လိုအခြေအနေကြီးလဲ။ဒီအခြေအနေကိုအရင်ဖြိုခွင်းလိုက်သူကတော့ ဟိန်းထွဋ်ပိုင်။
"မစားကြဘူးလား ဘာလို့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြတာလဲ"
အဲ့လိုပြောတော့ အကြည့်ရောက်လာတာက သူ့ဆီ။
"အဟမ်း ညဏ် နဲ့သူရိန် မင်းတို့အချင်းချင်းမမြင်ဖူးဘူးလား ဘာလို့ တစ်ယောက်မျက်နှာတစ်ယောက် အဲ့လောက်ကြည့်နေကြတာလဲ အချေလေးကရော ငါ့ကိုဘာလို့ကြည့်နေရတာလဲ"
အဲ့လိုပြောတော့ အချေကိုယ်တော်က ခေါင်းငုံပြီး ထမင်းပြန်စားနေလေရဲ့။
"ဘာလို့ ဒီမှာ လာထိုင်တာလဲ"
"ညဏ်ကလဲ ငါခါတိုင်းလဲ ဒီလိုလာထိုင်နေကျကို အထူးအဆန်း လုပ်လို့"
"မင်းကိုပြောနေတာမဟုတ်ဘူး တချို့လူတွေကိုပြောနေတာ ငါမမြင်ချင်တဲ့လူတွေ"
ဆိုပြီး မျက်လုံးက သူရိန်ဆီမှာ။သူရိန် တစ်ယောက် မနေတတ်တော့။ညဏ်က ဒီမှာထိုင်ကတည်းက သူ့ဆီ မျက်လုံးကမီးပွင့်မတက် ကြည့်နေတာ။အဲ့ဒါဟိုကောင် ငဟိန်းကြောင့်။
"အဟမ်း ငါ လဲထိုင်ချင်လို့မဟုတ်ဘူး ငဟိန်းကအတင်းခေါ်လာတာ"
"မထိုင်ချင် ထွက်သွားပေါ့ ငဟိန်းကအတင်းခေါ်တိုင်း ပါလာရအောင် မင်းက သူ့ကို ဘယ်တုန်းက အဲ့လောက်ထိနာခံတတ်သွားတာလဲ"
"ဟ ငါလဲ တခြားထိုင်စရာမရှိလို့ လာထိုင်တာ အဲ့လောက်ထိလာဖြစ်ပျက်ပြမနေနဲ့"
"ထိုင်စရာနေရာတွေထဲကမှ ဒီနေရာတဲ့လား"
"အိပ်မက်တံခွန်ကထိုင်ခုံတွေက မင်းတစ်ယောက်ထဲ ပိုင်တာမှမဟုတ်တာ ငါ့ဘာသာဘယ်မှာ ထိုင်ထိုင်ပေါ့"
"အေး ငါတစ်ယောက်တည်းမပိုင်ပေမဲ့ အခုငါအရင်ထိုင်တဲ့နေရာကို မင်းတို့ကရောက်လာတာလေ လူမှုရေးမသိတတ်ဘူးလား"
"ထိုင်ခုံလေးလာထိုင်တာ မဆိုင်တဲ့လူမှုရေးတွေက ဘယ်ကပါလာတာလဲ အဲ့လောက်မကြိုက်နေရင် မင်းထသွား"
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...