"ဒါနဲ့လေ..ဟိန်းထွဋ်ပိုင်.."
"ဟင်.."
ညဏ်လင်းထွန်းနဲ့ သူရိန် အကြောင်းများအား ဖောက်သည်ချပြီးနောက်..ဟိန်းထွဋ်ပိုင် ပြန်ရန်ပြင်နေတုန်း မှိုင်းရိပ် ခေါ်သောကြောင့် လွယ်ထားတဲ့ ကျောပိုးအိတ်ကိုပြန်ချကာ ထိုင်လိုက်ရင်း..မေးဆတ်ပြလိုက်သည်..။
"အဲ့လိုမျိုးလေ..ချစ်လို့..ရလား.."
"ဘာရယ်.."
မကြားတာမဟုတ်..ဘာကိုမေးမှန်းမသိသောကြောင့် ပြန်မေးခြင်း..။
"အဲ့လိုမျိုးလေ..ညဏ်လင်းထွန်း နဲ့ သူရိန်လို ယောက်ျားလေးနှစ်ယောက် က ချစ်လို့ရလားလို့.."
"အယ်.."
တခြားသူမေးရင်..အလွယ်တကူပဲအဖြေပြန်ပေးလိုက်မှာပေမဲ့ မှိုင်းရိပ် အဲ့လိုမေးလာတော့ ဟိန်းထွဋ်ပိုင် ဘယ်လိုပြန်ဖြေရမှန့်းမသိ..။
"အဲ့ဒါကလေ.."
ခေါင်းကုတ်ကာ ဟိုကြည့်သည်ကြည့်လုပ်ကာ ဘယ်ကစပြောရပါ့မလဲ စဉ်းစားရင်း မှိုင်းရိပ် ကိုအသာကြည့်မိတော့ ဟိန်းထွဋ်ပိုင် ဖြေလာမည့်စကားကို စိတ်ဝင်တစားစောင့်နေပုံရသည်..။
အင်းလေ..။မှိုင်းရိပ်လိုပုံစံက အဲ့လိုမျိုးတွေကို ဘယ်သိမလဲ..။ညဏ်လင်းထွန်းနဲ့သူရိန်အကြောင်းကြားလာတော့ သူလဲ မေးချင်မှာပေါ့..၊။
သက်ပြင်းအသာချရင်း
"ငါပြောပြမယ်နော်..မှိုင်း.."
ဟိန်းထွဋ်ပိုင်အဲ့လိုပြောတော့ အင်း ဆိုကာ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့..။
"မင်းမေးတယ်မလား..ယောက်ျားလေးနှစ်ယောက်က ချစ်လို့ရလား..ဆိုပြီး.."
"အင်း.."
"တကယ်တော့..မှိုင်းရဲ့..အချစ်ဆိုတာ ယောက်ျားလေးနှစ်ယောက်ချစ်မှရယ် မိန်းကလေးနှစ်ယောက်ချစ်မှရယ် မိန်းကလေးနဲ့ယောက်ျားလေးမှချစ်မှရယ်လို့မရှိဘူး..ရင်ဘတ်ထဲမှု တခြားသူတစ်ယောက်အတွက် အချစ်ဆိုတဲ့စိတ်ဖြစ်ပေါ်လာရင် ကိုယ်ချစ်တဲ့သူကယောက်ျားဖြစ်ပ်ါစေ မိန်းမဖြစ်ပ်ါစေ ကိုယ်ကလဲယောက်ျားဖြစ်နေပါစေ မိန်းမဖြစ်နေပါစေ ချစ်လို့ရတယ်.."
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...