မိဘမဲ့ဘုန်းကြီးကျောင်းဝန်းထဲမှာ ဒီနေ့တော့ အရင်နေ့တွေထက်ပင် ပိုပြီးလူရှုပ်နေလေသည်..။ရဲတွေ..ဘေးပတ်ဝန်းကျင်လူတွေနဲ့ တခြားတခြားသော လူအများလဲ ခြေချင်းလိမ်ကာသွားနေကြသည်..။
သို့ပေမဲ့လဲ ထိုလှုပ်ရှားနေသော လူတွေကြားထဲတွင် ငြိမ်သက်နေသော သူကတော့..မှိုင်းရိပ်ပင်...။
မိမိအခန်းလေးထဲရဲ့ထောင့်တစ်နေရာတွင် ဒူးခေါင်းနှစ်ချေုာင်းကိုထောင်လျှက် ထိုဒူးပေါ်လက်နှစ်ဖက်ကိုပိုက်တည်ကာ ခန္ဓာကိုယ်ကို သေးနိုင်သမျှသေးအောင် ကျုံပြီးထိုင်နေမိသည်..။
ဒီခန္ဓာကို့ယ်တဖြည်းဖြည်းအရွယ်အစားသေးပြီး ပျောက်ကွယ်သွားတဲ့အထိ စိတ်ကူးကာ ထိုင်နေမိသည်..။တကယ်ပင်ပျောက်ကွယ်သွားချင်မိပါသည်..။
လွမ်းရိပ်မရှိတော့သော ဘဝမှာ သူတစ်စက်လေးတောင် မနေလိုတော့..။မနေချင်တော့ပေ..။
အဲ့လိုအတွေးဝင်တိုင်းလဲ မှိုင်းရိပ်မျက်လုံးထဲမှာတော့ အရင်တစ်ပတ်က ဖြစ်ပျက်သမျှ အရာတွေအားလုံး မျက်လုံးထဲပေါ်လာလေသည်..။
လွမ်းရိပ်သူ့ရှေ့တွင် သေသွားသောမြင်ကွင်းကို ပြန်မြင်ယောင်လေတိုင်း ငိုရလွန်းလို့ မျက်ရည်များပင် မထွက်တော့..။အသုံးမကျလှသော မိမိကြောင့် အကိုဖြစ်သူ လွမ်းရိပ်သေဆုံးသွားရခြင်းရယ်ဟူ၍လဲ တွေးမိတိုင်း မိမိကိုယ်ကို စိတ်နာလို့မဆုံးပေ..။
တကယ်ဆိုထိုနေ့က သူသာ နှင်းနှင်းခေါ်ရာနောက်သို့မလိုက်သွားခဲ့လျှင်..
ထိုနေ့က.သိချင်စိတ်ဖြင့် ထိုအိမ်ကြီးထဲသို့ ချောင်းမကြည့်မိခဲ့လျှင်..။
ထိုနေ့က လွမ်းရိပ်ကိုသာ ပြေးပြီးအကူအညီမတောင်းမိခဲ့လျှင်..။
ထိုနေ့က သူ့ကို ဟိုလူကြီးမမြင်သွားအောင် နေခဲ့မိနိုင်လျှင်..။
ထိုနေ့က သူသာ ခါတိုင်းလို..နေရာပုန်းတာ ညံခဲ့မည်ဆိုလျှင်..။
လွမ်းရိပ်..သေဆုံးရမည်မဟုတ်ပေ..။
အခုတော့ အရာအားလုံးပြန်ပြောင်းလိုမရစွာ ဖြစ်သွားခဲ့လေပြီ..။
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...