Part 12

649 55 42
                                    

ကျောင်းဘဲလ်တီးသံကြားတာနဲ့ ညဏ်လင်းထွန်း  အခန်းထဲမှ အပြေးလေးထွက်လာမိသည်..။ဒီနေ့သူတို့အတန်းကို report cardပေးသည်။အရင်လထက် အဆင့်10တောင်  သူတက်လာသည်..။

ထိုအကြောင်းကို သူရိန်ကို သူကြွားရမည်..။ညဏ်လင်းထွန်း  အဆင့်(၁၀)လောက် တက်သွားသည်ဟုပြောလျှင် ဖြစ်သွားမည့်  သူရိန်မျက်နှာကိုမြင်ချင်သည်..။ညဏ်လင်းထွန်းကိုတော်တယ်ဟူ၍  ချီးကျုးတာကို ညဏ်လင်းထွန်းလိုချင်သည်..။

ထိုအတွေးတွေကြောင့် ညဏ်လင်းထွန်း  ခြေလှမ်းများရပ်တန့်သွားသည်..။

"နေ..နေပါဦး..ငါကဘာလို့သူ့ဆီက ချီးကျူးတာကိုလိုချင်နေရတာလဲ အဆင့်သိရရင် အရင်ဆုံးအမေ့ကိုပြောပြီး ဖုန်းတောင်းရမှာကို ပျော်နေသင့်တာမဟုတ်လား အခုင်ါက ဘာလို့အဲ့ဒါထက် အဲ့ဒါထက်..သူ့ဆီကနေ ချီးကျူးတာကိုလိုချင်နေရတာလဲ..သူ့မျက်နှာကို ဘာလို့အရင်ဆုံး တွေ့ချင်နေရတာလဲ..ညဏ်လင်းထွန်း  မင်းဘာတွေဖြစ်နေတာလဲ..."

အတွေးနဲ့အတူ  ထိုနေရာမှာရပ်တန့်နေမိသည်..။

"ဟေး..ညဏ်ညဏ်  ငါတို့ဖယ်ရီရှေ့မှာ  ဘယ်သူ့ကိုစောင့်နေတာလဲ.ငါ့်ကိုလား.."

"ငါက မင်းကိုဘာလို့စောင့်ရမှာလဲ.."

"အာ့ဆိုဘယ်သူ့ကိုစောင့်..အဲ.မငိးတို့အတန်းတောင် ရီပို့ကတ်ရပြီလား ငါတို့လဲဒီနေ့ပဲရတာ ပြစမ်း မင်းအဆင့်ဘယ်လောက်လဲ.."

"မပြဘူး..ဖယ်စမ်း မင်းလက်. ဟိန်းထွဋ်ပိုင်  ငြိမ်ငြိမ်နေနော် ငါ့ကိုလာနှောင့်ရင် ဆွဲထိုးမိမယ်.."

"ရီပို့ကတ်လေး ပြရမှာကိုများ.."

ပွစိပွစိပြောဆိုနေသော ဟိန်းထွဋ်ပိုင်စကားကို ညဏ်လင်းထွန်းနားထဲမဝင်..။သူမျှော်နေတဲ့သူက ဟိန်းထွဋ်ပိုင်နဲ့အတူ ပါမလာတာကိုပဲ စိတ်ထဲရောက်နေသည်..။

ကျောင်းပြန်လွှတ်နေပြီကို..။သူကအခုထိပေါ်မလာသေးဘူး..။ဟိန်းထွဋ်ပိုင်တောင် ဖယ်ရီဆီရောက်နေပြီ..။

"ဟိန်းထွဋ်ပိုင်..သူရိန်ရော..မင်းန်ဲအတူမပြန်ဘူးလား.."

"ဖယ်ရီကငါနဲ့တူတူစီးတာ ငါန်ဲမပြန်လို့ဘယ်သူနဲ့ပြန်ရမှာလဲ..."

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now