"ငါရောပဲလို့..ငါရောပဲ..မင်းကိုလွမ်းတယ်..."
"........."
တစ်ဖက်ကဘာသံမှမကြားရတော့တာကြောင့် ဖုန်းပြောနေရင်းနဲ့ပင်..မှိုင်းရိပ် ပြုံးလိုက်မိသည်..။
"အဲ့ဒါဆို..ဒါပဲနော်..ဟိန်းထွဋ်ပိုင်..ငါဖုန်းချလိုက်တော့မယ်.."
ဖုန်းမျက်နှာပြင်က ဟိန်းထွဋ်ပိုင် ဆိုတဲ့ နာမည်ကို စိုက်ကြည့်နေရင်း မှိုင်းရိပ် ထပ်ပြီးပြုံးလိုက်မိသည်...။ပြီးတော့..သူဒီရောက်စဉ်က ဘုန်းဘုန်းပြောတဲ့စကားတွေကို ပြန်စဉ်းစားနေမိသည်...။
ဦးလေးဦးထွန်းနိုင် ဆုံးတဲ့အကြောင်း အိမ်ကိုဖုန်းဆက်လာတော့. ..မှိုင်းရိပ် မေ့လဲမတက်ဖြစ်ခဲ့ရသည်..။စစချင်းကြားတော့ လုံးဝမယုံကြည်နိုင်ဖြစ်ပေမဲ့....ဒီရောက်တော့ ရက်လည်တောင်ဖြစ်နေပြီဆိုတာကို သိခဲ့ရတော့မှ မှိုင်းရိပ် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရသည်..။
နောက်ဆုံးအချိန်လေးတောင်..မတွေ့လိုက်ရပါလား..ဆိုပြီး ပို၍ စိတ်မကောင်းဖြစ်ခဲ့ရသည်...။ဘုန်းဘုန်းကတော့.
မှိုင်းရိပ်ကိုပြောသည်..။"အင်း..ဒကာကြီး..ထွန်းနိုင်က..သူဆုံးပြီးပြီချင်းနေ့ပဲ သဂြိုဟ်ပေးပါဆိုပြီး မှာသွားတော့.ဘုန်းဘုန်းတို့လဲ သူ့နောက်ဆုံးဆန္ဒအတိုင်း လုပ်ပေးလိုက်တယ်..ဒကာလေး..ဒကာလေးမှိုင်းရိပ်ကိုလဲ သူ့ရက်လည်လောက်မှအသိပေးပါတဲ့လေ..ကြည့်ရတာ..သူ့ခန္ဓာကိုယ်ကိုတွေ့ရင် ဒကာလေးပိုပြီးဝမ်းနည်းနေမှာဆိုးလို့ထင်ပါရဲ့..."
ထိုသို့ပြောတော့ မှိုင်းရိပ်ပိုပြီးဝမ်းနည်းရသည်...။ဦးလေးဦးထွန်းနိုင်ဆိုတာ လွမ်းရိပ်ပြီးရင် သူ့ဒုတိယမိသားစုဝင်ပင်ဖြစ်သည်..။ငယ်ငယ်ကတည်းက လွမ်းရိပ်နဲ့သူ့အားကျွေးမွေးစောင့်ရှောက်ခဲ့သော ဦးလေးဦးထွန်းနိုင်ရဲ့ကျေးဇူးတွေက အများကြီးပင်...။ဒီကြားထဲ ရန်ကုန်ရောက်ပြီးတာနဲ့ တစ်ခေါက်တောင်လာမတွေ့နိုင်သော ကိုယ့်ကိုကိုယ်လဲ ဒေါသထွက်မိသည်...။
ဒီနေရာဟာ သူကြီးပြင်းရာနေရာဖြစ်ပေမဲ့..လွမ်းရိပ်သေဆုံးခဲ့ရသောဖြစ်ရပ်ဆိုးကြီးလဲ ဖြစ်ခဲ့တဲ့နေရာမို့ တစ်ခေါက်ပြန်လာဖို့ကို သူကြောက်ရွံနေခဲ့သလို..ဒီနေရာကိုလဲ သူရင်မဆိုင်နိုင်ခဲ့၍ ရန်ကုန်ရောက်ပြီးတည်းက တစ်ခေါက်တောင် သူမရောက်ဖြစ်ခဲ့...။ဦးလေးဦးထွန်းနိုင်နဲ့ဖုန်းအဆက်အသွယ်ရှိခဲ့ပေမဲ့ သူ့အကြောင်းကို ဦးလေးကလဲသိလို့ထင် ဖုန်းပြောတိုင်း လာလည်ပါလားလို့ တစ်ခေါက်မှ မဖိတ်ခဲ့..။
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...