မှိုင်းရိပ်..သူ့လက်ထဲက..သွေးတွေကို..မြင်တော့မှု..တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်..။ထို့နောက် မျက်နှာချင်းဆိုင်က ဟိုလူကိုကြည့်လိုက်တော့..သွေးစွန်းနေတဲ့ ဓားကိုကိုင်ထားရင်း..ရပ်နေသည်...။
ဒါ..ဒါဆို..ဟိန်းထွဋ်ပိုင်က..။
အလန့်တကြားနဲ့ ဟိန်းထွဋ်ပိုင်ကိုပြန်ကြည့်နေစဉ်မှာပင်.သူလက်ထဲကနေ ဟိန်းထွဋ်ပိုင်က ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်...။လဲကျသွားတဲ့ ဟိန်းထွဋ်ပိုင်နား..မှိုင်းရိပ် ထိုင်လိုက်ရင်း..ဟိန်းထွဋ်ပိုင်ကိုယ်ကို ပြန်ဆွဲထူသော်လည်း..ဟိန်းထွဋ်ပိုင်မှုာ.သတိမေ့သွားပြီဖြစ်သည်..။
"ဟိန်းထွဋ်ပိုင်..ဟိန်းထွဋ်ပိုင်...ခင်ဗျား..ခင်ဗျားကြီး..လူယုတ်မာကြီး..."
ဟိန်းထွဋ်ပိုင်ကိုကြည့်ကာ ငိုနေရင်းနဲ့ပင်..တစ်ဆက်တည်း...သူ့ရှေ့တွင် ရပ်နေတဲ့ လူကို မှိုင်းရိပ် ဒေါသတကြီးကြည့်ကာ မတ်တပ်ရပ်ရင်း အော်လိုက်သည်..။
ထိုလူကတော့..လှောင်ပြုံးပြုံးကာ ရယ်လိုက်ပြီး မှိုင်းရိပ်ကိုပြန်ကြည်ရင်း..
"တောက်..နောက်တစ်ကောင်က..မင်းအစား..ခံသွားပြန်ပြီပေါ့..ဟုတ်လား..ဒါပေမဲ့..အခုတော့..မင်းလုံးဝမလွတ်တော့ပါဘူး...ကဲ.."
ခွပ်..
အ
ဓားကိုကို်င်မြှောက်ရင်း..မှိုင်းရိပ်ကို ထိုးမလို့ပြင်နေတဲ့လူက အ ခနဲတစ်ချက်အော်ကာလဲကျသွားသည်..။ထိုလူလဲကျသွားတော့မှ..ထိုလူ့နောက်တွင် ပန်းအိုးက်ုကိုင်ကာ ရပ်နေတဲ့ အဒေါ်ဖြစ်သူက်ု မှိုင်းရိပ်တွေ့လိုက်ရသည်...။အဒေါ်ဖြစ်သူက..သူ့ဆီသို့ပြေးလာရင်း..
"သားငယ်..ဘာမှမဖြစ်ဘူးမလား..."
အဒေါ်ဖြစ်သူရဲ့အမေးစကားကို ခေါင်းခါယမ်းလိုက်ရင်း..လဲကျနေတဲ့ ဟိန်းထွဋ်ပိုင်နား ပြန်ထိုင်ရင်း..မှိုင်းရိပ် ငိုနေမိသည်...။
"ဒေါ်လေး..သူ..ဟိန်းထွဋ်ပိုင်.."
အဒေါ်ဖြစ်သူက ဟိန်းထွဋ်ပိုင် ရဲ့လက်နဲ့ နှာခေါင်းနားကို လက်နဲ့စမ်းရင်း...
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...