ညဏ်လင်းထွန်း မနေ့ကညက ဟိန်းထွဋ်ပိုင်ပြောတဲ့စကားတွေကို စဉ်းစားနေမိသည်..။မှိုင်းရိပ်မှာ အမွှာအစ်ကိုရှိသည်တဲ့..။သူ့ဆက်မေးမလို့ရှိသေး ဟိုအကောင်ဟိန်းထွဋ်ပိုင်က နောက်နေ့မှဆက်ပြောပြမယ်ဆိုကာ ဖုန်းချသွားသည်လေ..။
လူကိုသိချင်အောင်လုပ်ပြီးမှ ဆက်တငန့်ငန့်လုပ်သွားတာ..။
"ညဏ်..မွေးနေ့လက်ဆောင်အတွက်ကျေးဇူးနော်..ဖုန်းကာဗာလေးကတော်တော်လှတယ်.."
မှိုင်းရိပ်အသံကြားမှ ညဏ်လင်းထွန်း အတွေးစများပြတ်သွားသည်..။
"ကြိုက်ရင်တော်သေးတာပေါ့..ငါ့မှာညကချက်ချင်းသိရတော့လေ ကိုယ်တိုင်လုပ်ထားတဲ့ကာဗာလေးပဲပေးလိုက်ရတယ်.."
"ရပါတယ်ညဏ်ရယ်..မင်းကလက်ဆောင်ပေးတော့နေ့ခင်းကျရင် မင်းစားချင်တာဝယ်ကျွေးမယ်လေ ကန်တင်းက မုန့်ဆိုင်မှာ ကြိုက်တာဝယ်စား.."
"အဟဲ..အစားဆိုလို့ကတော့ ကိုယ်တွေကစွဲပြီးသားပဲ.."
***********************************"******************************************************************"
မှိုင်းရိပ်တစ်ယောက် သူ့ရှေ့မှာ မုန့်တွေတစ်ဝတစ်ပြဲခေါ်င်းမဖော်တမ်းစားနေတဲ့ ညဏ်ကိုကြည့်ပြီး ပြုံးမိသည်...။
ညဏ်က သူ့အတွက် အတော်ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းပါလေ..။
"မင်းက ညဏ်ညဏ်တစ်ယောက်ထဲကို ကွက်ပြီးဝယ်ကျွေးတယ်ပေါ့မှိုင်း.."
အနားမှာလာထိုင်ကာ ဆူပုတ်ပုတ်မျက်နှာနဲ့ပြောနေသော ဟိန်းထွဋ်ပိုင်ကို မှိုင်းရိပ် မျက်စောင်းထိုးကြည့်လိုက်မိသည်..။
"မင်းက မနေ့ညကစားပြီးပြီလေ ငါကဘယ်နှခါကျွေးရဦးမှာလဲ.."
"ဟာ..အဲ့လောက်လေးနဲ့ရမလား..ငါက ဝမှမဝတာ.."
"ဖူး..အဟွတ် အဟွတ်.."
မှိုင်းရိပ် နဲ့ ဟိန်းထွဋ်ပိုင်စကားကြောင့် ညဏ်လင်းထက်တစ်ယောက် အအေးသောက်နေရာကမှ ထတောင်သီးမိသည်..။
"အာ..ညဏ်ရာ ညစ်ပတ်လိုက်တာ မင်းကိုဘယ်သူလုစားနေလို့ အဲ့လိုတွေဖြစ်နေတာလဲ.."
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...