Part-26

551 53 2
                                    

"ဟင်...မနေ့က..အဲ့ဒီကောင်မလေးမလား...."

ကျောင်းပေါက်ဝဂိတ်တံခါးနားမှာ တစ်ယောက်ယောက်ကိုစောင့်နေဟန်တူတဲ့ ကောင်မလေးတစ်ယောကိုကြည့်ရင်း ညဏ်လင်းထွန်း သက်ပြင်းချလိုက်သည်..။

ထိုကောင်မလေးက မနေ့က ညဏ်လင်းထွန်းအားထူးဆန်းသောစကားတွေပြောသွားတဲ့ကောင်မလေးပင်....။

မနေ့က...

Flashback <<<<<

"ငါ..နင့်ကို..ကြိုက်တယ်..."

"ဘာရယ်....."

မျက်လုံးစုံမှိတ်ကာ ပြောလိုက်တဲ့ သူ့ရှေ့ကကောင်မလေးစကားကြောင့် ညဏ်လင်းထွန်း တောင် အတော်ကြောင်သွားသည်....။

ဘယ်လိုနောက်ပြောင်တဲ့..စကားလဲ....။

"နင်..ဘာပြောလိုက်တာလဲ..."

ညဏ်လင်းထွန်းမေးတော့..ထိုကောင်မလေးကမျက်လုံးများပွင့်လာကာ ညဏ်လင်းထွန်း အားမရဲတရဲကြည့်ရင်း......

"ဟို..ငါ..နင့်ကိုကြိုက်တယ်လို့.."

"ငါ့ကို..ငါ့ကိုလား...."

"အင်း...."

မယုံကြည်နိုင်သဖြင့် မိမိကိုယ်ကို လက်ညိုးထိုးကာမေးတော့ ထိုကောင်မလေးက ခေါင်းများအဆက်မပြတ်ညိတ်ပြကာ ပြောလာသည်....။

"နေ..နေပါဦး..ငါကဘာလဲဆိုတာ နင်မသိလို့အဲလိုပြောနေတာလား..ဒါမှမဟုတ် တမင်ငါ့ကို လှောင်ချင်တဲ့သဘောနဲ့လား....."

ညဏ်လင်းထွန်းက အလေးအနက်ပုံစံနဲ့မေးလိုက်တော့ ထိုကောင်မလေးက ပြာပြာသလဲ ခေါင်းခါရင်း....

"မဟုတ်ပါဘူး..ငါနင့်ကိုလှောင်ချင်တဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး..ငါ..ငါနင့်ကိုတကယ်ကြိုက်တာပါ.."

"ငါက..gay လေ..အဲ့တာကို တစ်ကျောင်းလုံးသိတယ်..နင်လဲသိတယ်မလား..."

"အင်း..ငါသိပါတယ်..."

ထိုကောင်မလေးကဖြေတော့..ညဏ်လင်းထွန်း နားမလည်သော ပုံစံနဲ့ထိုကောင်မလေးအားကြည့်မိသည်...။

"အဲ့တာကို..ဘာလို့..ငါ့ကိုကြိုက်တာလဲ..."

"ဟို..တကယ်တော့လေ..နင် gay ဆိုတာကို မသိခင်ကထဲက..ငါနင့်ကိုစိတ်ဝင်စားနေခဲ့တာပါ..နင်နဲ့ရင်းနှီးဖို့ငါကြိုးစားခဲ့ပေမယ့်..ငါကြောက်နေခဲ့လို့.နောက်တော့ နင်နဲ့သူရိန်ကိစ္စကို သိပြီးတော့..ငါမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်...ငါလက်လဲလျှော့ခဲ့ပါတယ်..ဒါပေမဲ့ နင့်အပေါ် ရှုတ်ချလိုတဲ့စိတ်ငါ့မှာမရှိခဲ့ဘူး....ကျောင်းပိတ်တော့ ငါကိုယ်ငါပြန်ဆန်းစစ်ကြည့်တော့လေ ငါနင့်ကိုမေ့မရဘူးဆိုတာ ငါသိခဲ့ရတယ်...အာ့မို့ ကျောင်းပြန်ဖွင့်တော့..ငါနင့်ကို ထပ်ချဉ်းကပ်ဖို့ကြိုးစားနေခဲ့တာ...ဒါပေမဲ့ နင်က ဘယ်သူနဲ့မှမရောဘဲနေခဲ့လို့..ငါလဲမဝံရဲခဲ့ဘု..အခုတော့ ငါလဲ ငါ့စိတ်ကိုထပ်မကွယ်ဝှက်ထားချင်လို့ နင့်ကိုအခုလို ငါသဘောကျတယ်ဆိုတာ ပြောဖို့ဆုံးဖြတ်ခဲ့တာ..."

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now