Part 7

661 59 4
                                    


ရုပ်ရှင်က ဘာကားကို လက်မှတ်ဖြတ်လာပြီး ဘာတွေပြနေမှန်းမသိ ညဏ်လင်းထွန်း အာရုံက ရုပ်ရှင်ရုံထဲရောက်နေပေမဲ့ ရုပ်ရှင်ထဲတစ်စက်လေးတောင် အကြည့်မရောက်။

သူ့ရဲ့မျက်လုံးအစုံက သူ့ရှေ့ခုံက အတွဲဆီမှာသာ။

ရိုးရိုးခုံပဲဝယ်ကြည့်တာ မင်းကံကောင်းသွားတယ် သူရိန်။အတွဲခုံမှာသာ မင်းကိုတွေ့မယ်ဆိုရင် မင်းဘေးနားက မိန်းကလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး နေရာဖယ်ခိုင်းမိမှာ..။

အခုတော့ မင်းနဲ့အဲ့မိန်းကလေးနဲ့ ဘယ်အဆင့်အထိသွားမလဲဆိုတာ ငါ ကြည့်နေတယ် သူရိန်။

လက်ကိုင်တာအထိ ကိစ္စမရှိပေမဲ့ ငါတစ်ကြိမ်ပဲ ထိတွေ့ခွင့်ရတဲ့ မင်းနှုတ်ခမ်းကို အဲ့မိန်းကလေးထိပါးလို့ကတော့ ဒီနေရာမှာတင် ပြသနာဖန်တီးပေးမယ်..။

အချစ်ကြီးလို့..မုန်းမိတယ်။
မုန်းလွန်းလို့..အဆုံးရှုံးမခံနိုင်ဘူး။
မပိုင်ဆိုင်ရလဲ...လောဘကြီးပါရစေ။

####################

"အဟင့်...ပြီးပြီကွ စာမေးပွဲ..."

အဆောင်ရှေ့မှာ ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ ဟိန်းထွဋ်ပိုင် အသံ။

"ဘာလို့အဲ့လောက်အော်နေရတာလဲ..အကုန်ကြည့်ကုန်ပြီ.."

နားကိုပိတ်ကာ  သူရိန် ဟိန်းထွဋ်ပိုင်အားပြန်ပြောလိုက်ခြင်း..။အဲ့အကောင်  အော်တာ လူတွေအကုန်ဝိုင်းကြည့်လို့ကြည့်နဲ့ နည်းနည်းလေးမှအရှက်မရှိတဲ့အကောင်။

သူ့ကိုယ်သူ king ဆိုတာ သတိရသေးရဲ့လားမသိ။

"ကြည့်ကြည့်ကွာ..ငါအခုမှ ပျော်ရတာ.."

"မင်းကအရင်က မပျော်ရလို့လား.."

"မပျော်ဘူး..ငါ့မှာစာမေးပွဲမပြီးမချင်း..စိတ်ညစ်နေရတာ..စိတ်ညစ်လို့ ဝိတ်တောင်ကျပြီး မျက်နှာလေးတောင် ချောင်သွားတယ်..အဟင့်..."

သူ့မျက်နှာသူ လက်နှစ်ဖက်နဲ့  ပြန်ကိုင်ကြည့်ကာ ပြောနေတဲ့ ဟိန်းထွဋ်ပိုင် ကိုကြည့်ပြီး သူရိန် အသံထွက်ရယ်မိသည်။ဒီကောင်ပြောတာဟုတ်တယ်။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now