Part 17

684 61 8
                                    

ညဏ်တို့အိမ်ရှေ့က အုတ်ခုံလေးမှာထိုင်ရင်း အိမ်ထဲကထွက်လာတဲ့ ညဏ်လင်းထွန်းကိုတွေ့တာနဲ့ သူရိန် အုတ်ခုံပေါ်ကထကာ ညဏ်လင်းထွန်းဆီ အပြေးသွားလိုက်သည်...။

"ညဏ်.."

သူရိန်ကတော့ အနောက်ကနေခေါ်လိုက်ပေမဲ့ အရှေ့က ညဏ်လင်းထွန်း ကတော့ ကြားတယ်လို့တောင်မထင် တစ်ချက်ကလေးမှလှည့်မကြည့်ကာ လာနေတဲ့ရေခဲ့မုန့်လှည်းဆီကိုသာအပြေးသွားပြီး ရေခဲမုန့်ဝယ်နေလေရဲ့..။

"ဟူး.."

သူရိန် သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်..။

မနေ့ကညနေကလဲကျောင်းဆင်းတာနဲ့ ဖယ်ရီတောင်မစီးနိုင်..ညဏ်လင်းထွန်း နောက်လိုက်လာခဲ့ပေမဲ့ ဘာစကားတစ်ခွန်းမှ မပြောခဲ့ရ..။ဒီတိုင်းနောက်ကနေညဏ်လင်းထွန်းအိမ်နောက်တောက်လျှောက်လိုက်ကာ ပြန်ခဲ့ရသည်..။

ဒီမနက်လဲ ကျောင်းပိတ်၍ ညဏ်လင်းထွန်း မျက်နှာလေးအား တွေ့ချင်ပြီး ခွင့်မလွှတ်မချင်း ကိုယ်တိုင်တောင်းပန်မည်ဟူ၍ ညဏ်လင်းထွန်း အိမ်က်ုသူရိန် မနက်အစောကတည်းကရောက်နေပေမဲ့ လက်တွေ့မှာတော့ အိမ်ထဲမဝင်ရဲဘဲ အိမ်ရှေ့တွင်သာ တဝဲလည်လည်လုပ်နေရသည်..။

ညဏ် ကလဲ သူရိန်ကို သူ့အိမ်ရှေ့မှာတွေ့တာတောင် မြင်တယ်လိုမသတ်မှတ်. .။ရှိတယ်လို့မထင်..။တစ်စက်ကလေးမှု အရေးမလုပ်သလို.. သူရိန်က နာမည်ခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပု အရေးမစိုက်ပေ..။

သူရိန်ကိုသာ အရေးမစိုက်သည်..တစ်မနက်လုံး သူရိန်ရောက်ကတည်းက အိမ်ပြင်ထွက်ပြီး ဝယ်စားလိုက်တဲ့ မုန့်ဆိုတာ..။

လမ်းထိပ်မုန့်ဆိုင်ဆိုလဲ မုန့်တစ်ခုပြီးတစ်ခုဝယ်ကာ အိမ်ထဲဝင်သွားလိုက် ပြန်ထွက်လာလိုက်..။ညဏ်လင်းထွန်း အိမ်ရှေ့ဖြတ်သွားတဲ့ ဈေးသည်မှန်သမျှကို အကုန်လှမ်းခေါ်ကာ ဝယ်စားသည်..။

သူရိန်မှာသာ ရေတစ်ဘူး ပေါ်င်မုန့်တစ်ထုပ်သာ စားပြီူပေမဲ့..ညဏ်ကတော့တော်တော်စားနိုင်သည်ဟု သူရိန် ထင်မိသည်..။အရင်ကထက်လဲ ညဏ် တော်တော်စားနိုင်သည် ဟူ၍လဲမြင်သွားသည်..။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now