Flaskback«««
လွန်ခဲ့သော 1 နှစ့်က
"အား...သေပြီ..သေပြီ.."
ဟင်..။ဘာအသံပါလိမ့်...။
သူရိန်လင်းမောင် နားနေဆောင်ဘက်က ခုံတန်းမှာ စာထိုင်ဖတ်နေတုန်း အော်သံကြားသဖြင့် လန့်သွားသည်..။
ဒီနားနေဆောင်အပေါ်ထပ်ဆိုတာ သူရိန်လင်းမောင်ရဲ့ စာကြည့်တိုက်ပြီးရင် စာလာဖတ်နေကျနေရာတစ်ခု..။
ကစားကွင်းအသစ်ဆောက်ပြီးကတည်းက ဒီအဆောင်ဘက်ကို လူသိပ်ပြီးမလာကြ..။ဒါကြောင့်လဲ သူရိန်လင်းမောင်အတွက် စာဖတ်လို့ပိုပြီးကောင်းသောနေရာ..။
အခုလဲ ခ်ါတိုင်းလိုပဲ နားချိန် စာလာဖတ်နေတုန်း အော်သံကြားသဖြင့် သူရိန်လင်းမောင် နည်းနည်းတော့ကြောင်သွားသည်..။
ဘေးဘီကြည့်လိုက်တော့လဲ အပေါ်ထပ်မှာက သူကလွဲပြီး ခွေးတစ်ကောင်ကြောင်တစ်မြှီးတောင်မရှိ..။
နားကြားမှားတာနေမှာပါလေ ဆိုပြီး စာထဲပဲအာရုံပြန်စိုက်နေလိုက်သော်လည်း ထပ်ထွက်လာသောအသံကြောင့် လက်ထဲကစာအုပ်တောင် အောက်ပြုတ်ကျသွားသည်...။
"အား..ငါသေပြီ..ငါလေးတကယ်သေတာ..."
ဒီတစ်ခါ ကြားရတဲ့အသံကြောင့် သူရိန် ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်မှန်းသိလိုက်ပြီဖြစ်သည်..။
ထို့အတူ သူ့စိတ်ထဲမှာလဲ သရဲများလားဆိုကာ ကြောက်စိတ်ဝင်လာသည်..။
အနေအေးပြီး မျက်နှာတည်တဲ့ သူရိန်လင်းမောင်ဆိုတာ သရဲကြောက်တတ်သူဖြစ်ကြောင်း သူ့မိဘတွေနဲ့ဟိုကောင် ဟိန်းထွဋ်ပိုင်ကလွဲ မသိချေ..။
ငယ်ငယ်ကတည်းက ကိုယ့်ရှေ့မှာ သရဲအကြောင်းများပြောပြီဆိုလျှင် နားပိတ်ထားတတ်သလို အဲ့နေ့ဆိုလျှင် တစ်ယောက်တည်း ဘယ်နေရာမှမသွား..။
သရဲခြောက်တဲ့ အိမ်မက် မက်ပြီဆိုလျှင်လည်း နှစ်ရက်သုံးရက်လောက် လန့်ဖျားနေတတ်သည်..။
သရဲခြောက်တဲ့အိမ်မက်ဆိုတာကလဲ တစ်ယောက်ယောက်က သရဲအကြောင်းကိုယ့်အရှေ်မှာပြောမိတာဖြစ်စေ သရဲကားကြည့်မိတာပဲဖြစ်စေ သူရိန်လင်းမောင်တစ်ယောက်စိတ်စွဲကာ မက်ခြင်းပင်ဖြစ်သည်..။
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
General Fictionဆယ်ကျော်သက်တွေကြားက..အချစ်။ လျှို့ဝှက်ချကိတွေနဲ့နာကြည်းမုန်းတီးမှုတွေ...