Part_24

753 43 5
                                    

ဆေးရုံကုတင်ထက်တွင်  လှဲလျောင်းနေသော..မှိုင်းရိပ်ကို ဟိန်းထွဋ်ပိုင်  ငေးကြည့်နေမိသည်..။ဟိန်းထွဋ်ပိုင်မရည်ရွယ်ပါဘဲ မှိုင်းရိပ်အဒေါ်ဆီက ကြားသိလိုက်ရသော မှိုင်းရိပ်ရဲ့ အကြောင်းများကိုကြားပြီးနောက်..မှိုင်းရိပ်အပေါ်သနားစိတ်များများစွာဝင်လာသလို မှိုင်းရိပ်ကို ယနေ့မှစ အပြည့်အဝစောင့်ရှောက်ပေးတော့မည်ဟူသော အခိုင်အမာဆုံးဖြတ်ချက်လဲပေါ်လာလေသည်..။

"ငါလေ..အဲ့လိုမင်းအကြောင်းတွေမသိဘဲ.မင်းကိုမဆင်မခြင်ပြောခဲ့ဆိုခဲ့ခေါ်ခဲ့တာတွေကိုတောင်းပန်ပ်ါတယ်..စိတ်ချ. အခုကစ   မင်းကိုဘယ်သူကမှ စိတ်ရောကို်ယ်ရောထိခိုက်တာမျိုးမလုပ်စေရအောင် ငါကာကွယ်မယ်. ငါအပြည့်အဝကာကွယ်မယ်..ပြီးတော့လေ ငါမင်းကိုအရမ်းချစ်တယ် မှိုင်း..ငါချစ်တဲ့အကြောင်းလဲ ပြောပြရဦးမှာမို့လေုမန်မြန်သတိရလာပါတော့နော်..."

ပါးစပ်ကနေတစ်တွတ်တွတ်ရွတ်ဆိုကာ မှိုင်းရိပ်လက်ကလေးကို မိမိလက်ကလေးနဲ့ဆုပ်ကိုင်ထားကာ ဘေးနားမှာ ကျောက်ရုပ်တစ်ရုပ်လိုထိုင်နေတဲ့  ဟိန်းထွဋ်ပိုင်ကို သူရိန်နဲ့ညဏ်လင်းထွန်းလဲ ဒီတိုင်းကြည့်နေရုံကလွဲ ဘာမှမတတ်နိုင်...။ဟိန်းထွဋ်ပိုင်ကို နှစ်သိမ့်ဖိုရာကလဲ ကိုယ်တွေတောင် မိမိတ်ု့သူငယ်ချင်းအဖြစ်ကို အံသြထိတ်လန်မိခဲ့ရသည့်အတွက် မိမိကိုယ်တိုင်တောင်မနည်းစိတ်ဖြေနေရသည်..။

မှိုင်းရိပ်  ကားတိုက်တယ်ဆိုတဲ့အကြောင်းကို ဟိန်းထွဋ်ပိုင်ဖုန်းဆက်ခေါ်လို့လာခဲ့ရာက မမျှော်လင့်ဘဲ ဟိန်းထွဋ်ပိုင်ဆီမှတစ်ဆင့် မှိုင်းရိပ်ရဲ့အဖြစ်အပျက်တွေကို  ကြားခဲ့ရသည်...။

အေးအေးဆေးဆေးနေတတ်သော မှိုင်းရိပ်လိုလူမျိုးဆီမှာထိုကဲ့သို့သော အဖြစ်ဆိုးမျိုးရှိနေလိမ့်မယ်လို့ ဘယ်လိုမှထင်မှတ်မထားခဲ့ကြ..။ကြားပြီးနောက်မှတော့ မှိုင်းရိပ်အပေါ်သနားစိတ်များဝင်လာသလို သူငယ်ချင်းကောင်းမပီသခဲ့တာတွေရှိပါလားဆိုပြီး ညဏ်လင်းထွန်းနဲ့သူရိန်  နောင်တရမိသည်..။

ယခုတော့  သတိလစ်နေသော မှိုင်းရိပ်  အမြန်ဆုံးသတိရလာဖို့သာ မျှော်လင့်တော့သည်...။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now