Part 16

658 52 4
                                    

"မလိုက်ဘူးဆို..မလိုက်ဘူးပဲနော် ဟိန်းထွဋ်ပိုင်.."

"အလောင်းအစားလုပ်ပြီး ကတိပေးထားတာနော်.မင်း.အဲ့လိုမညစ်နဲ့..."

"မင်းဟာက..ဖြစ်နိုင်တာကိုတောင်းလေ.."

"ဆံပင်လေးညှပ်တာ မဖြစ်နိုင်တဲ့ကိစ္စကြီးလား.."

ဟိန်းထွဋ်ပိုင်စကားကို မှိုင်းရိပ် သက်ပြင်းချလိုက်သည်..။

မနေ့တည်းက မလုပ်ဘူးဟု ငြင်းထားသည့်ကိစ္စကို ဒီနေ့မနက်စောစော အိမ်အထိလာကာ ဇွဲကောင်းပြနေခြင်း...။

တခြားဟာတွေတောင်းဆိုလို့ရရဲ့သားနဲ့..ပေါက်ပေါက်ရှာရှာ မှိုင်းရိပ် ရဲ့ဆံပင်ကိုမှ ညှပ်ပစ်ချင်တယ်တဲ့လေ..။

"အေးနော်..မင်း.အဲ့လိုငြင်းနေရင်း ငါထမ်းခေါ်ပြီး..ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားမှာ..မှိုင်းရာ..ဆံပင်လေးညှပ်တာကိုပဲ..မင်းတစ်သက်လုံးဆံပင်မညှပ်ဘဲနေလာတာလား..."

"မညှပ်ပဲတော့နေမလား..ယောက်ျားလေးပဲ ဆံပင်ရှည်လာရင် ညှပ်ရတာပဲ.."

"အေးလေ..ဆံပင်ရှည်လာလို့ညှပ်တာကိုပဲ..ကြည့်ပါဦး မင်းအရှေ့ဆံပင်တွေဘယ်လောက်ရှည်နေပြီလဲ.."

"အေး..အဲ့ရှေ့ဆံပင်ကိုပဲ..မင်း က ရန်လာရှာနေလို့ ပြောနေရတာ..ညှပ်ချင်ညှပ် အနောက်ဆံပင်တိမယ်ဆိုတော်ပြီပေါ..ငါတမင်ထားတဲ့ အရှေ့ဆံပင်မှ.."

ဆူပုတ်ပြီးပြောနေတဲ့ မှိုင်းရိပ် ကိုကြည့်ရင်း ဟိန်းထွဋ်ပိုင် စိတ်ထဲရယ်နေမိသည်..။

ဟိန်းထွဋ်ပိုင်.မှိုင်းရိပ်ရဲ့အရှေ့ဆံပင်တွေကို ကြည့်မရတာ ကြာနေလေပြီ..

မှိုင်းမှိုင်းအုပ်အုပ်နဲ့ မျက်လုံးလှလှလေးတွေကို ဖုံးကွယ်ထားနေတာ..

ထို့ကြောင့် တစ်နေ့နေ့အခွင့်ကြုံရင်..အဲ့ဆံပင်ကြီးကို ညှပ်ပစ်ဖို့အခွင့်အလမ်းရှာနေခဲ့ခြင်းဖြစ်သည်..။

ထိုကြောင့် မမျှော်လင့်ဘဲ အခွင့်ရခိုက် စာမေးပွဲကိုလဲ ထိုကြောင့် ကြိုးစားဖြေဆိုကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်...။

"ကဲ..မြန်မြန်အဝတ်အစားလဲပြီးထွက်လာနော်..မှိုင်း..ကတိမတည်မလုပ်နဲ့..ငါတကယ်ထမ်းခေါ်သွားမှာ..မလုပ်ရဲဘုးမထင်နဲ့.."

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now