Part 19(flaskback part)

578 36 0
                                    

အဝေးပြေးကားလမ်းမပေါ် ကားလေးတစ်စီးအရှိန်ပြင်းပြင်းနဲ့သွားနေသည်..။တစ်လမ်းလုံးထိုကားကလွဲ တခြားကားများတောင်မရှိ၍  လမ်းမကြီးကတိတ်ဆိတ်နေပေမဲ့လဲ ထိုကားထဲကလူတွေကတော့ထိုသို့မဟုတ်..။

"ကျွန်မသာ.လာမခေါ်ရင် ရှင် ဒီအချိန်ထိပြန်သေးမှာကိုမဟုတ်ဘူး..သာယာတာလဲသာယာပေါ့ရှင်..မိသားစုနဲ့ခရီးထွက်လာတာလေးကိုတော့ သတိရသင့်တယ်..."

"မင်းကို..တော်တော့လို့ပြောနေတယ်နော်.မြတ်..မင်းပြောနေတာတွေက ငါ့ကိုရောတစ်ဖတ်သားရဲ့ သိက္ခာတွေကိုပါ စော်ကားနေတယ်ဆိုတာ မင်းသိရဲ့လား.."

"အမလေးရှင် လူကြားကောင်းအောင် ပြောနေသေးတယ် ရှုင်က ရှင်အချစ်ဦးရည်းစားဟောင်းကို ထိတော့နာတယ်လား.."

"မြတ်..မင်း..."

"အဟတ်..ရှင်နဲ့ကျွန်မက မိဘတွေပေးစားလို့ယူခဲ့ရပေမဲ့ ရှင်နဲ့ကျွန်မညားပြီးတာ ကြာလို့ သားလေးတွေတောင် တစ်နှစ်ပြည့်တော့မယ်..ကျွန်မမျက်နှာကို မထောက်ရင်နေပါ..အမြွာလေးတွေဖြစ်တဲ့ ကိုယ့်သွေးသားရင်းတွေကိုတော့ အဖေပီပီ ငဲ့ညာပြီးတွေးပေးသင့်တယ်..ရှင်တို့နှစ်ယောက်အရင်ကဘယ်လောက်ပဲချစ်လို့ချစ်သူတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ  ရှင့်မှာ ကိုယ့်မိသားစုရှိနေပြီ မိသားစူနဲ့အပန်းဖြေခရီးထွက်နေချိန်မှာ ကိုယ့်မိသားစုထက် ဒီလိုရည်းစားဟောင်းနဲ့ အချိန်ကုန်ဆုံးနေတာတော့ မဖြစ်သင့်ဘူး.."

ခင်မြတ်ပိုင် ပြောရင်းနဲ့ မျက်ရည်တွေက ကျလာသည်..။ခင်မြတ်ပိုင် ဘဝမှာ မည်သည့်သူစိမ်းယောက်ျားလေးအပေါ်မှ ချစ်မိနှစ်သက်မိခြင်းမရှိခဲ့ချေ..။လုပ်ငန်းတူမိဘတွေ၏  သဘောတူပေးစားမှုကြောင့် သာ အိမ်ထောင်ကျခဲ့ရခြင်းဖြစ်သည်..။သို့သော်လည်း မိဘတွေသဘောတူသလို မိမိဘက်ကလဲ ထိုသူအပေါ် သူစိမ်းယောက်ျားလေးများအပေါ်တွင် မဖြစ်ဖူးခဲ့သော ခံစားချက်များကြောင့် ကိုယ်တိုင်သဘောကျနှစ်သက်ကာ လက်ခံလက်ထပ်ခဲ့ခြင်းဖြစ်သည်..။မိမိဘက်ကသာ လိုလိုချင်ချင်လက်ခံခဲ့ပေမဲ့ တစ်ဖက်ယောက်ျားလေးကတော့ ထိုသို့်မဟုတ်..လက်ထပ်သည့်နေ့မှစ မိမိအပေါ် ဂရုစိုက်ကြင်နာမှူမျိုးမရှိခဲ့ချေ..။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now