ချစ်သောရှင်းလီ (အပိုင်း-၁၆)
@@@@@@@@@@@@
'အိမ်ရှေ့မင်းသားကို ကျွန်တော်မျိုး အပါးတော်မြဲမှ ခစားလျက်ပါ'
ခမည်းတော်၏ အပါးတော်မြဲက အရှေ့မှာ ခစားနေတာကို သေချာစွာ စူးစိုက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ
'မင်းကြီးရဲ့ နန်းဆောင် ကိစ္စတွေ အားလုံးကို အပါးတော်မြဲ ကျာအန်းက ဆောင်ရွယ်တယ် ဆိုတာ လူတိုင်းသိကြတယ် ဟုတ်တယ် မဟုတ်လား'
မင်းသား ဘာကို ဆိုလိုမှန်း သိသလိုလို ရှိသော်လည်း
'မင်းသား ဘာကို လိုချင်နေတာလဲ ကျွန်တော်မျိုး နားမလည်ပါဘူး'
'ပြော! ဟိုတစ်နေ့ညက ညကိုယ်ရံတော်က ဘယ်သူလဲ ဘယ်နန်းဆောင်မှာ နေတာလဲ'
'အဲ့တာက ညကိုယ်ရံတော် နန်းဆောင်မှာ သွားမေးတာက ပိုပြီး သင့်တော်မှာပါ မင်းသား'
'အဲ့နေ့ညက ကိုယ်ရံတော်က အထူးကိုယ်ရံတော် ဆိုတော့ ညကိုယ်ရံတော် နန်းဆောင်မှာ မနေဘူး အဲ့ကိုယ်ရံတော်ကို မင်းကြီး နန်းဆောင်ကနေ ထိန်းချုပ်ပြီး ကွပ်ကဲရတယ် ပြီးတော့ မင်းကြီး တစ်ဦးတည်းရဲ့ အမိန့်ကိုသာ နာခံခွင့်ရှိတယ်'
အပါးတော်မြဲ ကျာအန်း မျက်လုံးတွေ လက်ခနဲ တောက်ပသွားပြီး ခေါင်းညိတ် လိုက်ကာ
'အဲ့လို ဆိုမှတော့ မင်းသားလေးက ကျွန်တော်မျိုးဆီမှာ လာတောင်းလို့ ဘယ်လိုရမှာလဲ သူက မင်းကြီးရဲ့ အမိန့်ကိုပဲ နာခံတာလေ'
'မင်းကြီး နန်းဆောင်မှာ ခမည်းတော် ပြီးရင် ဘယ်သူ တာဝန်ယူရတာလဲ'
ဘယ်သူတွေ ကများ မင်းသားလေးကို အသုံးမကျဘူးလို့ ပြောကြတာလဲ အသုံးကျလား မကျလား သိချင်ရင် စမ်းကြည့်ကြမလား ဆိုပြီး ပြောပြ လိုက်ချင် သေးသည်။ သို့သော် အခုတော့
'အဲ့တာက ကျွန်တော်မျိုးပါ'
'အဲ့တာ ဆိုရင် ညကိုယ်ရံတော်က ဘယ်မှာ နေတာလဲ ပြော'
အနားမှာ လှည့်ပတ်၍ လမ်းလျှောက်ရင်း ပြောနေသော မင်းသားလေးကတော့ ဘယ်လိုနေတယ် မသိပေမယ့် သူကတော့ မူးဝေလာပြီး ဖြေလို့မရတဲ့ မေးခွန်းအတွက် စိုးရိမ် ထိတ်လန့် နေမိသည်။ အမူအရာလည်း မမှားရဲသလို စကားလည်း မမှားရဲပါ။ တစ်ယောက်က မင်းကြီးဖြစ်ပြီး အခုတစ်ယောက်က မင်းသား၊ ဘယ်သူ့အပေါ်မှ အမှားယွင်း လုပ်ခွင့်မရှိသလို ဘယ်သူ့ကိုမှလည်း အမှားယွင်းတွေ ဖြေကြားလို့ မရခြင်းမှာ မင်းသားရှေ့မှောက်၌ လဲကျ မေ့မျော သွားချင်မိသည်။
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...