အပိုင်း-၂၈

434 29 2
                                    

ချစ်သောရှင်းလီ (အပိုင်း-၂၈)

@@@@@@@@@@@@@

တရားစီရင်ရေးနေ့၊ နေ့လည် မွန်းတည့်ချိန်တွင် တရားစီရင်ရေး စင်မြင့်ပေါ်တွင် တရားယှဉ်ပြိုင်သူများ ဖြစ်သော အမတ်မင်းများနှင့် အိမ်ရှေ့မင်းသားက နေရာယူထားသည်။ နှစ်ဖက်စလုံးတွင် လူစုံပြီ ဆိုမှ အမတ်မင်းတစ်ဦးက ရှေ့သို့ တိုးလာသည်။

'မင်းသား ရွေးချယ်ခွင့် ထားတဲ့ အတိုင်း တရားရေး လျှောက်လဲသူ တစ်ဦးကို ကျွန်တော်မျိုးတို့ ခေါ်ဆောင်လာပါတယ် မင်းသား ဘက်ကလည်း တရားရေး လျှောက်လဲသူကို ခေါ်ဆောင်လာပြီး ဖြစ်လိမ့်မည်ဟု ထင်မြင် ရကြောင်းပါ'

'တက်လာခဲ့ပါ'

ယောင်းချူးက တရားရေး စင်မြင့်ပေါ်သို့ တက်လာ၏။ ပြီးတော့ နေရာ ယူလိုက်ပြီး စတင်စကားဆိုသည်။

'အိမ်ရှေ့မင်းသားနဲ့ တရားရေး ပြိုင်ဆိုင်သူ လူကြီးမင်းများကို ဂါရဝပြုပါတယ်'

'တရားရေး လျှောက်လဲသူနဲ့ တရားရေး ပြိုင်ဆိုင်သူတွေတော့ စုံပြီ သို့ပေမယ့် တရားစီရင် ဆုံးဖြတ်သူကို မင်းသား ရွေးချယ်ဖို့ တွေးထားတာပါလား'

'မတွေးထားဘူး တရားစီရင် ဆုံးဖြတ်သူကို ရွေးချယ်ဖို့ နည်းလမ်းတော့ တွေးထားတယ်'

'တရားစီရင်သူ ဆိုတာက ပညာဉာဏ် ထက်မြက်သူ ဖြစ်ဖို့ လိုပါတယ် ပြီးတော့ တရားရေး အကြောင်းတွေ အားလုံးကို ကျွမ်းကျင်စွာ နားလည် ထားဖို့ လိုပါတယ်'

'ပညာဉာဏ်ထက်မြက် သူ ဆိုတာကို သတ်မှတ်ပေးဖို့ အရမ်းကို ခက်ခဲပါတယ် တရားစီရင် ဆုံးဖြတ်သူ သုံးဦး ရှိဖို့ ဆုံးဖြတ်ထားပါတယ် တစ်ဦးကို အမတ်မင်းတို့ စိတ်သဘောကျ ရွေးချယ်ပါ နောက်ထပ် တစ်ဦးအစား ဒုက္ခသည်တွေကို ဆုံးဖြတ်ခိုင်းပါ့မယ် နောက်ဆုံး အဓိက တရားရေး ဆုံးဖြတ်သူကတော့ ငါက လွဲပြီး ဘယ်သူမဆို ဖြစ်နိုင်ပါတယ် အမေးပုစ္ဆာသုံးခုကို ဖြေဆိုနိုင်သူ ဘယ်သူမဆို တရားရေးဆုံးဖြတ်သူ ဖြစ်လာနိုင်ပါတယ်'

'နောက်ဆုံးက ဘယ်လို တရားရေးဆုံးဖြတ်သူ ဖြစ်လာဖို့ ဆုံးဖြတ်နည်းလည်း'

ချစ်သော ရှင်းလီWhere stories live. Discover now