ချစ်သော ရှင်းလီ (အပိုင်း-၂၆)
@@@@@@@@@@@@@
'တစ်လောကလုံးမှာ ခင်ဗျားက အလုပ် အများဆုံးလား'
မိန်းကလေးဝတ် အင်္ကျီကို လဲလိုက်ပြီး အခန်းထဲက ထွက်လာတော့ ယောင်းချူးက မြင်းကို ထိန်းပေးထားရင်း ဆို၏။ ထို့ကြောင့် ပြုံးရုံလေး ပြုံးလိုက်ကာ ယောင်းချူး၏ စကားကို ဖြေကြားရသည်။
'တစ်လောကလုံးမှာ တာဝန် အရှိဆုံးလူ ဖြစ်လာမယ့်သူဆီမှာမှ တာဝန်ထမ်းဆောင်နေတော့ ငါက အလုပ်အများဆုံး ဖြစ်တော့မှာပေါ့'
'အခု ခင်ဗျား ဘယ်သွားမှာလဲ'
'ဒါနဲ့ မင်းလွှတ်လိုက်တဲ့ လူတွေက စိတ်ချရမလား'
ယောင်းချူးက ရွှေသေတ္တာပို့ဆောင်ရေးအား နောက်ယောင်ခံ လိုက်ရန် လူတချို့ကို စီစဉ်ပေးထားသဖြင့် ထိုသည်အား မေးလိုက်ခြင်း ဖြစ်လေသည်။ ယောင်းချူးက ခေါင်းညိတ်လိုက်ပြီးမှ ဖြေသည်။
'သူတို့တွေက ဒီနယ်ပယ်မှာတော့ ဆရာကြီးတွေပဲ မင်းစိတ်ချလို့ ရပါတယ် မင်းမှာထားတဲ့အတိုင်း ငါသေချာ လုပ်ထားတယ်'
'အဲ့ဒါဆို တော်သေးတယ်'
'ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ'
'မင်းသားကို ပညာပေးတာ တော်သင့်ပြီ ဆိုတော့ မနက်ဖြန် မင်းသားဆီ မသွားခင် ယောက္ခမနဲ့ သွားတွေ့မယ်လေ မင်းက တွေ့စေချင်တယ် မဟုတ်လား'
'ငါ့အမေကိုလား မဖြစ်ဘူး ငါ့အမေက နေမကောင်းဘူး ပြီးတော့ ရုံးတော်က လူတွေနဲ့ ပတ်သတ်တာ မကြိုက်ဘူး'
'ငါကသမားတော်ပါ'
မြင်းဇက်ကြိုးကို လှမ်းယူရင်း ပြောလိုက်တာ့ ယောင်းချူးက လွှတ်ပေးရင်း ရှုံ့မဲ့ကာ ပြောလာသည်။
'ဖြစ်သွားပြန်ပြီ သမားတော် ဒီနေ့ တစ်ရက်တည်းနဲ့ကို မင်းကို တွေ့နေရတာ ပုံစံမျိုးစုံနဲ့ပါလား ပထမတုန်းက ရွှေဓားကိုင် ကိုယ်ရံတော် နောက်တော့ ပြန်ပေးဆွဲလား ဘာလား ခိုးကြောင်ခိုးဝှက်နဲ့ အပျော်မယ်လို ဝတ်ပြီး အမတ်မင်း အိမ်ကို ခိုးဝင်တယ် အခုကျတော့ သမားတော် ဟုတ်လား ထူးဆန်းတယ်'
ESTÁS LEYENDO
ချစ်သော ရှင်းလီ
Ficción histórica#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...