ချစ်သော ရှင်းလီ (အပိုင်း-၂၄)
@@@@@@@@@@@@@
တရားရေး လျှောက်လဲသူ၊ အန်းချီအတွက် တရားရေး လျှောက်လဲသူကို ဘယ်နားကနေ ရအောင် ရှာရမလဲ၊ တွေးရင်း ခြေတစ်လှမ်း ချရင်း မျက်မှောင် ကုတ်မိရင်း တရားစီရင် ဌာနမှာ တစ်ဝဲလှည်လှည် လမ်းလျှောက်နေမိ၏။
'မင်းသား'
နောက်ကနေ လှမ်းခေါ်လိုက်တာမို့ ချာခနဲ လှည့်ကြည့်လိုက်တော့ ရွှေဓားကို လက်မှာကိုင်ထားလျက်ဖြင့် သူမ၊
'ဘာတွေ တွေးနေမှန်းတော့ မသိပေမယ့် မင်းကြီးက မင်းသားကို ကာကွယ်ပေးဖို့ တာဝန်ကို ပေးအပ်ထားတာမို့လို့ မင်းသားက အလိုမရှိပေမယ့် တာဝန်ထမ်းဆောင်ဖို့တော့ ခွင့်ပြုစေချင်ပါတယ်'
ပိုးဝတ်စုံ အဖြူဖြင့် ဆံနွယ်တွေ ဖြန့်ချထားပြီး ရွှေဓားကို ကိုင်ထားဟန်က မနက်ခင်းရဲ့ အလင်းရောင် အောက်မှာ တောက်ပနေ၏။ သို့သော် ငေးကြည့်မိနေတာကို မျက်နှာလွဲ လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
'မလိုဘူး မင်းကိစ္စ မင်းလုပ်ပါ ငါ့ကိစ္စကို ငါ့ဖာသာငါ စီမံနိုင်တယ် မင်းက ဝင်မရှုပ်ပါနဲ့'
'မင်းသား! မင်းသားကို အထင်သေးတာ မဟုတ်ပေမယ့် ဒီလို အခြေနေအတိုင်းသာဆိုရင် တရားစီရင်ရေးနေ့မှာ မင်းသား ရှုံးသွားပါလိမ့်မယ်'
ထိုစကားကိုတော့ မကျေမနပ် ဖြစ်သွားမိလျက်၊
'မင်းလို မိန်းကလေးတောင် တတ်နိုင်ရင် ငါက ယောက်ျားလေး ပြီးတော့ အိမ်ရှေ့မင်းသား'
ပြောနေတာကို လက်မခံဘူး ဖြစ်နေတာမို့ စိတ်က အရွတ်ဆန် သွားပြီး မဟုတ်တာတွေ ပြောပစ်ဖို့ကို တွန်းအားဖြစ်လာသည်။
'အဲ့တာဆို မင်းသား ပျံတတ်သလား'
'ဘာ!!'
သူ စိတ်တိုစွာ အော်ပစ်လိုက်တာကို ထိတ်ခနဲ စိုးရိမ် သွားသော်လည်း ပြောလက်စကို ရပ်ပစ်ရလောက်အောင်အထိ ရှင်းလီ မကြောက်ဖူးပေ။
'ဟုတ်ပါတယ် ငှက်ကလေးက ငယ်တယ် လူလောက်လည်း အသိဉာဏ်မရှိဘူး သူတောင် ပျံနိုင်သေးရင် မင်းသားက ဘာလို့ မပျံနိုင်ရမှာလဲ'
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...