အပိုင္း-၅

864 76 6
                                    

Unicode
ချစ်သော ရှင်းလီ (အပိုင်း-၅)

@@@@@@@@@@@

'ဒီအဆောင်က မိဖုရားကြီး စီစဉ်ပေးတာပါ တကယ်လို့များ ကိုယ်လုပ်တော်လေး စိတ်တိုင်း မကျဘူး ဆိုရင် ကျွန်တော်မျိုးမတို့ကို ပြောပါ'

အပြုံးခပ်ယဲ့ယဲ့ဖြင့် ခေါင်းကိုသာ လေးတွဲစွာ ခါယမ်းပြလိုက်မိသည်။ ရွှေတွေချည်း သုတ်လိမ်းထားသည့် နန်းဆောင်က သာမာန် ကိုယ်လုပ်တော်လေး အတွက် ခမ်းနားလွန်းသည် ဟုခံစားမိသည်။ နန်းတွင်း အစေခံတွေ ကလည်း သူ့နေရာနဲ့သူ ရိုကျိုးစွာ ခစားလျက် ရှိကြ၏။ အမေ ချုပ်ပေးလိုက်တဲ့ အင်္ကျီကို သိမ်ငယ်စွာ ငုံ့ကြည့်မိလိုက်သေးသည်။ နန်းတွင်းအစေခံရဲ့ အင်္ကျီ လောက်တောင် တောက်ပြောင်မှု မရှိ၊ အိမ်ရှေ့မင်းသား ဘယ်သူလဲ ဆိုတာကို စိတ်ဝင်တစား ရှိနေမိ၏။ အိမ်ရှေ့မင်းသားက ဘယ်လိုလုပ် သူမကို သိနေတာလဲလို့ တွေးမရ ဖြစ်နေမိသည်။

'ရှင်းလီ အခု ဘာလုပ်ရမလဲ'

'ရေချိုးပြီး အဝတ်စား လဲထားလိုက်ပါ အိမ်ရှေ့မင်းသားလေး လာရင် အခုလို အဝတ်စားတွေနဲ့ ဆိုရင် ကျွန်တော်မျိုးမတို့ အဆူခံနေရမှာ စိုးလို့ပါ'

ရေချိုးပါ ဆို၍ ရေချိုးခန်းအတွင်းသို့ ဝင်လာတော့ ရေချိုးခန်းကပင် သားနားလွန်း၏။ ရေချိုးပြီး သူတို့ ဝတ်ဆင်ပေးသော အင်္ကျီကို ဝတ်ဆင်ကာ အလှဆံထိုးထိုးပေးဖို့ ပြင်နေသာ အပျိုတော်လေးအား

'ရှင်းလီ ဒီဆံထိုးပဲ ထိုးမယ်'

အပျိုတော်ငယ်လေးက တစ်ခုခု ပြောလိုသောဟန် ဖြစ်သော်လည်း ခေါင်းညိတ် လက်ခံလိုက်သည်။

'ဟုတ်ကဲ့'

ပြင်ဆင်ပြီး သိပ်မကြာမှီအချိန်တွင် နန်းဆောင်အပြင်မှ မိန်းမစိုးငယ်လေး၏ စူးရှသော အော်သံက ထွက်ပေါ်လာသည်။

'အိမ်ရှေ့မင်းသား လာပါတယ်'

'ကိုယ်လုပ်တော်လေး အိမ်ရှေ့မင်းသားကို ထွက်ပြီး ကြိုဆိုရမှာပါ'

ကိုယ်တိုင် ထွက်ပြီး ကြိုရမယ် ဆိုတဲ့ စည်းကမ်းကြောင့် အခန်းထဲကနေ ထွက်လာ ခဲ့ရသည်။ တံခါးဝကို ကျောခိုင်းထားသူအား မျက်စိထဲ ရင်းနှီးနေသလို ခံစား လိုက်ရပေမဲ့ ကြည့်စေ! ဆိုတဲ့ အမိန့် မရမချင်း မော်ကြည့်ခွင့် မရှိတာမို့

ချစ်သော ရှင်းလီWhere stories live. Discover now