ချစ်သောရှင်းလီ (အပိုင်း-၂၂)
@@@@@@@@@@@@
ညနေစောင်းတဲ့ အထိ မရောက်လာသေးသည့် ရှင်းဟန်ကို စောင့်ကြည့်ရင်း သစ်ပင်ပေါ်ကနေ ဆင်းလာလိုက်သည်။
'အခုထိ သူက မရောက်လာသေးဘူးလား ဘယ် အချိန်ရှိနေပြီလဲ'
'ညမိုးမှောင်သွားမှ ရောက်လာမယ်လို့ ပြောပါတယ် မင်းသား ခဏတော့ အနားယူ ပါအုံး'
'ငါက သူ့ကို စောင့်နေရတာလား အတင့်ရဲလိုက်တာ'
'ကျွန်တော်မျိုးက အတင့်ရဲတာ မဟုတ်ပါဘူး မင်းသားရဲ့လုံခြုံရေး အတွက်ပါ'
အနောက်ကနေ အသံမကြား ဘာမကြား ရောက်လာပြီး စကားပြောလိုက်တာမို့ ရှင်းဟန်ဘက်သို့ ချာခနဲ လှည့်ကြည့်ပြီး ဟွန့်ခနဲ မဲ့သွားမိလျက်
'ငါ့ရဲ့လုံခြုံရေး ဟုတ်လား ငါ ကိုယ့်ဖာသာ စောင့်ရှောက်နိုင်တယ်၊ ငါ့ကို အသုံးမကျတဲ့လူလို နေခိုင်းနေတာလား'
'အခုက မီးဖိုဆောင်ထဲမှာ ဟင်းချက်နေတာ မဟုတ်ပါဘူး မင်းသား တစ်ခုခု မှားသွားတာနဲ့ မင်းသားကို ထိခိုက်စေနိုင်ပါတယ် မီးဖိုပေါ်က ဒယ်အိုးထဲ ဆီလောင်း ထည့်သလို မလွယ်ကူပါဘူး အကယ်၍ မင်းသား တစ်ခုခု ဖြစ်သွားတာနဲ့ မင်းကြီးအတွက် ထိခိုက်နိုင်ပါတယ် ပြီးတော့ မင်းကြီး တစ်ခုခုဖြစ်သွားတာနဲ့ တိုင်းပြည်ကို ထိခိုက်မိနိုင်ပါတယ် ကျွန်တော်မျိုးတို့ မင်းသားကို ကာကွယ်နေတာက မီးဖိုဆောင်ထဲက ဟင်းရွက်တွေကို မပုတ်မသိုးအောင် စီမံနေတာ မဟုတ်ပါဘူး အိမ်ရှေ့မင်းသား ဆိုတာ တိုင်းပြည်အတွက် အရမ်းကို အရေးပါလို့ ကာကွယ်နေတာပါ ဒီမှာရှိတဲ့ လူတွေရဲ့ အသက်တွေ ရင်းနှီးထားရတာပါ မင်းသား လက်ခံနိုင်ဖို့ မျှော်လင့်ပါတယ်'
ထိုသူ ပြောသွားတာကို နားထောင်မိနေပြီးမှ လက်ခံလိုက်လိုသော ဆန္ဒတွေ ဖြစ်ပေါ်လာပေမယ့်
'မင်း ငါ့ကို ခြိမ်းခြောက်နေတာပဲ'
တည်ငြိမ်စွာ ဆိုလာတဲ့ သူ့ကို ကြည့်မိနေရာမှ ခေါင်းညိတ်လိုက်မိပြီး
'ဟုတ်ပါတယ် ခြိမ်းခြောက်နေတာပါ'
'ကောင်းပြီလေ မင်း စီစဉ်တဲ့အတိုင်း တစ်သွေမတိမ်း ငါလိုက်လုပ်မယ် ဒီခရီးကို မင်းက ဦးဆောင်လိုက်ပါ'
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...