Unicode
(မနေ့က စနေနေ့ကို တနင်္ဂနွေနေ့ ထင်ပြီးတော့ ချစ်လှစွာသော အမတ်မင်းကို တင်လိုက်မိတယ် စာအမှား တင်လိုက်မိတာပါ အချိန်ဇယား ကြေငြာထားပေးတယ်နော် Conversation ဘယ်သူတွေက ဘယ်ဇာတ်လမ်းတွေ ဖတ်ကြတာလဲတော့ မသိဘူး သူ့ရက်နဲ့သူ တင်ပေးပါ့မယ်နော်) မနေ့က မတင်လိုက်ရလို့ ဒီနေ့ အစားပြန်ပေးတာနော်ချစ်သော ရှင်းလီ အပိုင်း-၄
@@@@@@@@@@@
သူမကို နန်းတော်သို့
@@@@@@@@@
'ရှင်းလီ မနေ့က ဘယ်လို ဖြစ်တာလဲ ကျန်းရယ်က ကျောင်းကို မရောက်လိုက်ဘူး'
မေးမြန်းခြင်းနှင့်အတူ ကျန်းရယ် ကျောင်းသို့ မရောက်လိုက်ဘူး ဆိုတာက သေဆုံးသွားသည်ဟု ဆိုလိုခြင်းသာ၊ ရှင်းလီ ရင်ထဲဝယ် တင်းကျပ်စွာ ခံစားလိုက်ရ၏။ မိမိ၏ အဖွဲအတွင်းမှ လူတစ်ဦးအား မကာကွယ်လိုက်နိုင်သော ခံစားချက်က ဆိုးဝါးလွန်းနေသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ဆရာတွေ အားလုံး အလုပ်များ သွားကြမည်မှာလည်း အသေအချာပင် ဖြစ်သည်။
'သေချာတော့ မသိဘူး ဆရာ ကျွန်မတို့ကို ကျောင်းသား မဟုတ်တဲ့ လူတစ်စုက တိုက်ခိုက်တယ် သူတို့ မင်အန်းချီကို သတ်ချင်နေကြတာ သူတို့ ကွမ်းမိန်မှာ ခိုအောင်းနေမှာ စိုးလို့ ဆက်မသွားတော့ပဲ ဆင်းလာတာ လူနှစ်ယောက်ကို သတ်ခဲ့ရတယ် တစ်ယောက်ကိုတော့ ဒဏ်ရာရအောင် လုပ်ခဲ့တယ်'
ဆရာက ပိုပြီး စိုးရိမ်သွားသော ဟန်ပန်ဖြင့် မျက်မှောင်ကုတ်လျက်
'ကွမ်းမိန်မှာ သွေးစက် တချို့ကလွဲရင် ကျန်တာ ဘာမှ မတွေ့ခဲ့ဘူး'
ထိုအချက်ကို ရှင်းလီ ကြိုတွေးမိပြီးသား ဖြစ်သဖြင့် ခေါင်းညိတ်လိုက်ပြီးမှ
'တော်သေးတယ် ကျွန်မတို့ အောက်ဆင်းခဲ့တာ မှန်သွားတယ် သူတို့ လူတွေ ကွမ်းမိန်မှာ ရှိနေသေးတယ်'
'မင်အန်းချီ သူ့ကို ဒီကျောင်းမှာ ထားလို့ မရတော့ဘူး သူ့အတွက် သိပ်အန္တာရယ် များလွန်းတယ်'
'ဆရာ မင်အန်းချီက တောင်အောက်ကို မဆင်းလာချင်ဘူး သူက သူ့အဖေကို သူ့ရဲ့ ကြိုးစားမှုကို ပြချင်တာ သူ့အဖေကို ဆရာ ပြောပေးပါ သူက တကယ်တော်တဲ့ တကယ်ကြိုးစားတဲ့ သားတစ်ယောက်ပါလို့ဆရာ ပြောပေးလိုက်ပါ'
CZYTASZ
ချစ်သော ရှင်းလီ
Historyczne#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...