ချစ်သောရှင်းလီ (အပိုင်း-၃၂)
@@@@@@@@@@@@@
သူမထံမှ မိန်းကလေးကဲ့သို့ ဝတ်စားသည့် အပြုမူတွေ ပုံစံတွေကို မတွေ့ရတာ ကြာပြီမို့လို့ သူမအား မျက်လုံး မလွဲတမ်း ငေးကြည့် နေမိသော်လည်း သူပုံစံကတော့ ဘာတွေ ဖြစ်နေပြီမှန်းမသိ၊ ပါးစောင်တွင် ကျောက်ခဲ တစ်လုံးကို ရေစင်စင် ဆေးလျက် ကိုက်ငုံ ခိုင်းထားပြီး မျက်နှာပေါ်တွင် ပေကျံနေသော အရွက်၏ အရည်မည်းမည်းတွေ သုတ်လိမ်းလျက် သွားတွင် ထင်းစမီရှို့၍ ရလာသော မီးသွေးခဲ မည်းမည်းတွေကို သုတ်လိမ်း ထားရသေး၏။ တော်တော်ကြီး ပုံဆိုး ပန်းဆိုးတွေ ဖြစ်နေတာကို ကြေးမုံအား မကြည့်ပဲနဲ့ သိနေပြီ ဆိုတာတောင် သူမက ခြေဖနှောင့်အား လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်စေရန် ဆိုပြီး နာအောင် ရိုက်ထားသေး၏။
'ရပ်စမ်း မင်းတို့ ဘယ်သွားမလို့လဲ နန်းတွင်းကို မင်းတို့ ဘာမှတ်နေသလဲ'
'သမားတော် က ဆေးခူးခိုင်းလို့ ဆေးခူးသွားရာက ပြန်လာတာပါ သူက ဆေးအကြောင်း နားလည်သူမို့ နန်းတော်ကို ဝင်ခိုင်းဖို့ လိုလို့ ခေါ်လာတာပါ'
မနက်က တွေ့လိုက်ရသော အစောင့်မို့ ထိုအစောင့်က ဇဝေဇဝါဖြင့် ခေါင်းညိတ်ပြပြီးမှ
'ကောင်းပြီ ဒီလူကို သေချာ စစ်ဆေးရမယ် ခေါင်းမော့လိုက်စမ်း'
ခေါင်းမော့လိုက်စမ်း ဆို၍ ခေါင်းမော့၍ ရယ်ပြလိုက်၏။ ထိုနန်းတော်စောင့်က သူ့ကို ကြည့်ပြီး မျက်နှာရှုံ့ပြကာ
'သွား သွား သွား လုပ်စရာ ရှိတာ မြန်မြန်လုပ်ပြီး ပြန်ထွက်လာခဲ့'
'ကောင်းပါပြီ သွားခွင့်ပြုပါအုံး'
သူမ နောက်ကနေ ကုန်းကုန်း ကုန်းကုန်း ထော့နဲ့ ထော့နဲ့ လိုက်လာပြီး ထောင့်ချိုး တစ်နေရာတွင် သူမက ခြေလှမ်းတွေ ရပ်ပစ်လိုက်ကာ သူ့ရင်ဘတ်ကို တွန်း၍ နံရံမှာ ကျောမှီပြီး ကပ်လိုက်ပြီး
'မင်းသား မင်းကြီးနန်းဆောင် အပြင်ဘက်မှာ အစောင့်တွေ များတယ် ကျွန်မ တစ်ခု ကြံစည် ထားတာရှိတယ် သမားတော် အဆောင်ကနေ သမားတော်ကို ခေါ်ပြီးမှ မင်းကြီး နန်းဆောင်ကို ဝင်မယ် မင်းကြီး နန်းဆောင် ရောက်တာနဲ့ မင်းသားအတွက် အေးချမ်း သွားပါပြီ'
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...