ချစ်သောရှင်းလီ (အပိုင်း-၂၀)
@@@@@@@@@@@@
'ရှောင်တျန့် ဘာသတင်းကြားလဲ ငါ လန့်လို့သေတော့မယ် ဘာလို့များ ညီလာခံ တက်မယ်ဆိုပြီး အတွေးပေါက်သွားရတာလဲ ဆိုတာ ငါ့ကိုယ်ငါတောင် မသိတော့ဘူး ဒီည ငါ့ကို တစ်ခုခု လာလုပ်ရင် ဘယ်လိုလုပ်မလဲ'
စိုးထိတ်ပူပန်နေသော မင်းသားက အခါတိုင်းလို နန်းဆောင်အတွင်း လှည့်ပတ်နေတာမျိုး မဟုတ်ပဲ ငြိမ်သက်စွာ ထိုင်နေ၏။
'မင်းသား မိဖုရားကြီးက တွေ့ခွင့်တောင်းနေပါတယ်'
'လာခဲ့မယ်လို့ ပြောလိုက်'
စားပွဲခုံပေါ်တွင် ထိုင်နေရာမှ ထပြီး နန်းဆောင် တံခါးဝတွင် စောင့်နေသော မယ်တော်ဆီသို့ သွားပြီး
'မယ်တော်ကို သားတော် ဂါရဝပြုပါတယ်'
မယ်တော်က ပြုံးကြည်နေသော မျက်နှာဖြင့် အနားသို့ တိုးလာပြီး လက်ကို ဆွဲကိုင်လိုက်ကာ
'သားတော် ဒီနေ့ တရားဝင် ညီလာခံ တက်ခွင့် ရခဲ့တယ်ဆို မယ်တော်က မယ်တော့် နန်းဆောင်မှာ ညစာစားပွဲ စီစဉ်ထားတယ် သားတော်'
'ညစာစားပွဲတော် သားတော် မလာချင်ဘူး မယ်တော်'
'မလာလို့မရဘူး မယ်တော် အကုန်လုံး စီစဉ်ထားပြီးသား ကြင်ရာတော်တွေကိုပါ မယ်တော် ဖိတ်ကြားထားတယ် သားတော် မယ်တော့်ကို မျက်နှာပျက်အောင် လုပ်မှာ မဟုတ်ဘူးလို့ မယ်တော် မျှော်လင့်ပါရစေ ဒါနဲ့ ကျောင်းယွဲ့က ပွဲကို စီစဉ်ပေးတာ သူက ပွဲတော်ကို အစ်ကိုတော် လာချင်အောင် စီစဉ်ပေးပါ့မယ်လို့ ပြောပြီး စီစဉ်တာ ဆိုတော့'
လုပ်သွားပြန်ပြီ။ ချော့တာကော ခြောက်တာကော သုံးပြီး သူ မဖြစ်ချင်တာကို မယ်တော်က လုပ်ခိုင်းပြန်ပြီ။
'မင်းသား မင်းသမီး ကျောင်းယွဲ့က မင်းသားကို ပွဲကို အရောက်လာဖို့ တင်လျှောက် ထားကြောင်းပါ'
'နောက်ထပ် သူပဲလား သူကလွဲရင် မယ်တော့်နားမှာ တခြား မင်းသမီးတွေ မရှိတော့ဘူးလား ပြီးရင် မယ်တော်က ငါ့ကို သူနဲ့ပဲ ဟာကွာ!'
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...