ချစ်သော ရှင်းလီ (အပိုင်း-၇)
@@@@@@@@@@@@
'သူ့ကို မယ်တော်က အမြင်မကြည်ဘူးတဲ့ နန်းတွင်း ရောက်တာ တစ်ပတ်ကျော်ပဲ ရှိသေးတာ ဆန္ဒ တောင်းဆိုတာတောင် လုပ်ပြီး သွားပြီတဲ့ သူ့ကြောင့်မို့ အစ်ကိုတော်က ကြင်ရာရွေးပွဲကို ငြင်းလိုက်တယ်'
'သူက ကိုယ်လုပ်တော်ရဲ့သမီးလို့ ပြောသံကြားတယ် အစ်ကိုတော်က ဘာလို့ ဒီလို ဖြစ်နေရတာလဲ'
အားလုံးထဲဝယ် အသက်အငယ်ဆုံး ဖြစ်သော မင်းသမီးငယ်လေးက နှုတ်ခမ်းလေးကို ဆူထော်လိုက်ပြီး မကျေမနပ်ဖြင့်
'မသိဘူးလေ သွားကြည့်တာတော့ ပြောသလောက်လည်း မလှတာပါဘူး အစ်မတော်လုဖုန်း လောက်တောင် မလှဘူး အခုဆိုရင် မိဖုရားကြီးက စိတ်မကြည်လို့ ငါ့မယ်မယ်ကို အပြစ်ရှာတယ်'
မယ်တော် ဆိုတာကို မိဖုရားကြီး တစ်ဦးတည်းကိုသာ ခေါ်ရတာ ဖြစ်ပြီး အမေအရင်းကိုတော့ မယ်မယ်လို့ ခေါ်ဝေါ်ရသည်။ အငယ်ဆုံးမင်းသမီးလေး၏ မိခင်ကား မင်းကြီး၏ မနှစ်သက်ဆုံးသော မိဖုရားဟု ဆိုရမလိုဖြစ်သော ဇန်းသာချီမိဖုရား ဖြစ်တာကြောင့် မိဖုရားကြီး၏ ဒေါသဖြေသိမ့်ရာ လူသားဟု ဆိုလျှင်လည်း မမှားပေ။
'ဟုတ်တယ် မယ်မယ့်ကိုကောပဲ မယ်မယ် မျက်နှာမကောင်းဘူး မယ်တော်က အခေါ်လွှတ်ပြီး ဘာတွေ ပြောလိုက်တာလဲ မသိပါဘူး'
'ငါကတော့ ကိုယ်လုပ်တော် ရှင်းလီကို လုံးဝ မကျေနပ်ဘူး'
ကြည်လင်နေတဲ့ ရေကန်ကို ငဲ့စောင်းကြည့်ပြီး အငယ်ဆုံး မင်းသမီးလေး ကျောင်းယွဲ့က မျက်နှာထား စူစူဖြင့် ဆို၏။ မင်းသမီးတွေထဲမှာ ကျောင်းယွဲ့နဲ့ အိမ်ရှေ့မင်းသားက သုံးနှစ်သာ ကွာခြားခြင်း ဖြစ်သလို အိမ်ရှေ့မင်းသား အနှစ်သက်ဆုံး ညီမငယ်လေးမို့ မျက်နှာသာ အပေးဆုံး၊ ပြီးတော့ နန်းတွင်းထဲမှာ စိတ်အဆတ်ဆုံး မင်းသမီး ဖြစ်ပြီး မိဖုရားကြီးနှင့် ထိတ်တိုက်အတွေ့နိုင်ဆုံး မင်းသမီးလည်း ဖြစ်သည်။
ကျောင်းလီကပါ ခေါင်းညိတ်ပြလိုက်ပြီးမှ
'ငါလည်း မကျေနပ်ဘူး ငါတို့ သူ့ကို ခေါ်ပြီး ပညာ ပေးရအောင်'
![](https://img.wattpad.com/cover/165423772-288-k364664.jpg)
ESTÁS LEYENDO
ချစ်သောရှင်းလီအာ
Ficción histórica#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...