အပိုင်း-၁၄

514 44 2
                                    

ချစ်သောရှင်းလီ (အပိုင်း-၁၄) 

@@@@@@@@@@@@@

'မင်းကြီး မင်းကြီး စုံစမ်းခိုင်းထားတဲ့ အိမ်ရှေ့မင်းသားရဲ့ ကိုယ်လုပ်တော်လေးရဲ့ တစ်မိသားစုလုံး အသတ်ခံ လိုက်ရပါတယ်'

'ဘာ!'

ကျာအန်း၏ စကားအဆုံးတွင် ကျောင်းမင်းကြီး၏ လက်သီးက တင်းခနဲ ဆုပ်သွားသည်။ နန်းတွင်းရဲ့ထုံးစံအတိုင်း လူသတ်နှုတ်ပိတ် လိုက်ခြင်းလား၊ အတွေးတွေ ယောက်ယက်ခတ်သွားတာကို သက်ပြင်းချ ဖြေဖျောက်ရင်း

'မဖြစ်နိုင်ဘူး သူ့ရဲ့ တိုက်ခိုက်ရေးနဲ့ ဆိုရင် ဒီလောက် လွယ်လွယ်လေး မသေနိုင်ဘူး အနည်းဆုံး တခြားသူတွေ သေသွားတယ် ဆိုရင်တောင် သူကတော့ ကျန်နေလိမ့်မယ် သူ့ကို တွေ့အောင် ရှာပါ သူက သားတော်အတွက် တကယ်လိုအပ်တဲ့ မိန်းကလေး မထိခိုက်စေနဲ့'

'သိပါပြီ မင်းကြီး'

အကယ်၍များ သူ ထင်မြင်မိသလို မဟုတ်ပဲနဲ့ သေဆုံး သွားပြီ ဆိုလျှင်ကော၊ မသေပါနဲ့ သားတော်က မင်းမရှိတော့ဘူး ဆိုတာကိုတောင် ရင်ဆိုင်ဖို့ ခက်ခဲနေတာ မင်းသာ သေသွားပြီ ဆိုတာကို လက်ခံနိုင်ဖို့ အတွက် သိပ်ငယ်လွန်း သေးတယ်၊ မြှားပစ်နေသော သားတော်ကို အဝေးကနေ ငေးကြည့်ရင်း ရင်ဆိုင်ဖို့ မဝံ့ရဲသလို ခံစားနေမိတာမို့

'မိုးမှောင်ပြီ တဲနန်းစိုက်လိုက်ပါ ငါကိုယ်တော် အနားယူတော့မယ်'

တဲနန်းအတွင်းသို့ လှမ်းဝင်လိုက်တာနဲ့ စိတ်တွေက လွန်ခဲ့သော ဆယ်ခြောက်နှစ်ကျော် ကာလသို့ ရောက်သွား၏။

~မင်းကြီး တဲနန်းရွေးတာ မှားနေပြီ ထင်ပါတယ်~

~ဘယ်တုန်းကမှ အရွေးမမှားဖူးဘူး သုနန် မင်းရဲ့တဲနန်းထဲကို ငါကိုယ်တော် ဝင်လာတာ မသိလို့ မဟုတ်ဘူး သိသိနဲ့ ဝင်လာတာ~

~ကျွန်မက မင်းကြီးကို မကြိုဆိုပါဘူး~

~သုနန် မင်းအရမ်းရက်စက်တာပဲ မင်းဘယ်လိုများ ရက်စက်နိုင်ရတာလဲ သူတို့က အသက်ရှင်နေတဲ့ လူတွေပါ၊ မင်းငါ့ကို မုန်းတီးတယ် ဆိုရင်တောင်မှ သူတို့ကိုတော့ မင်းမသတ်သင့်ပါဘူး~

ချစ်သော ရှင်းလီDonde viven las historias. Descúbrelo ahora