ချစ်သောရှင်းလီ (အပိုင်း-၂၁)
@@@@@@@@@@@@@
'ချွမ်း!!'
ဓားချင်းဓား ထိခတ်သံက နားနားမှာ ပြင်းထန် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဓားက ရင်ညွှန့်သို့ ထိုးစိုက်လာခြင်းမရှိပဲ သူ့ကို တစ်ယောက်ယောက်က တွန်းပစ်လိုက်၏။ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ပိုးဝတ်စုံ အဖြူနှင့် ရှင်းဟန်၊
'မင်း'
သူ လက်ညိုးထိုး၍ ပြောလိုက်တာကို သူက တစ်ချက်မျှ လှည့်မကြည့်ပဲ လက်တွင် ဆင်ထားသည့် ဒူးလေးငယ်ဖြင့် ပစ်ခတ်နေရာမှ
'မင်းသားကို ခေါ်သွား!'
သူပေးလိုက်သောအမိန့်ကို မနာခံချင် ဖြစ်မိရင်း သူ့နားသို့ ကပ်လာသူတို့အား ဘေးသို့ တွန်းထုတ်လိုက်ကာ
'မသွားဘူး အားလုံး အတူတူ လာခဲ့ပြီးမှ ငါက ဘာလို့ သွားရမှာလဲ'
'ထွက်ပြေးခိုင်းတာ မဟုတ်ဘူး မင်းသား အန္တာရာယ်ကင်းမှ အားလုံး အန္တာရာယ်ကင်းမှာ၊ ပြီးတော့ မင်းသား ရှိနေတော့ရော ဘာအသုံးတည့်မှာမို့လို့လဲ ခေါ်သွားတော့'
အန်းချီ သတိတရဖြင့် သူ့အား ပူပန်မိလိုက်သေးလျက်
'မင်းကကော'
'လိုက်လာခဲ့မယ် စိတ်မပူနဲ့'
အနားမှ ဆွဲခေါ်လာသူတွေကို မတွန်းထုတ်တော့ပေမယ့်
'မင်းလိုက်လာခဲ့ရမယ် အဲ့တာ အမိန့်ပဲ သေရင်တောင် အလောင်းနဲ့ လိုက်လာပါ'
သူ့ဘက်သို့ လှည့်မကြည့်တော့ပဲ ဆက်လက် တိုက်ခိုက်နေသောသူအား စိတ်မချနိုင်စွာ လှည့်ကြည့် မိပေမယ့် ဓားတစ်ဖက် ဒူးလေး တစ်ဖက်နှင့် တိုက်ခိုက်နေသူက သက်တောင့်သက်သာ နိုင်လှ၏။ သူပြောသလိုပင် သူက ဒီအခြေအနေကနေ လွတ်မှ တခြားလူတွေ ပိုအဆင်ပြေကြမည်မို့ အန်းချီ ချာခနဲ လှည့်ထွက် လာခဲ့မိတော့သည်။
ရှင်းလီ မင်းသားနောက်သို့ ဆုတ်သွားပြီ ဆိုတာကို သေချာအောင် တစ်ချက် လှည့်ကြည့်ပြီးမှ ကောင်းကင်သို့ မီးကျဉ် ပစ်လွှတ်လိုက်သည်။ မင်းသားကို တစ်ပါးတည်း လွှတ်ရအောင် မင်းကြီးက ဘာမှမသိတဲ့ သူမို့လို့လား၊ ညကိုယ်ရံတော် ငါးဦးနှင့် နန်းစောင့်တပ်ဖွဲ့ဝင်များအား အရပ်ဝတ်စုံဖြင့် တိတ်တဆိတ် ထည့်ပေးလိုက်တာကို သိလျှင် မင်းသားက စိတ်ဆိုး နေနိုင်သေးသည်။ တစ်ဦးတည်းသော သားတော်အား ဘာမသိညာမသိ လွှတ်လိုက်ရသည်အထိ မင်းကြီးက တုံးအသော သူ မဟုတ်ဘူး ဆိုတာ အမတ်မင်းတွေ မေ့နေလေသလား၊ ညကိုယ်ရံတော်ငါးဦး ထွက်လာသည်နှင့် တိုက်ခိုက်နေသူတွေက ထွက်ပြေးဖို့ လုပ်ပေမယ့် မင်းသားနောက်သို့ နန်းစောင့်တပ်ဖွဲ့ လိုက်ပါလာတယ် ဆိုတာ ဘယ်သူမှ မသိအောင် အားလုံးကို သတ်ပစ်ဖို့ စေခိုင်းလိုက်ရသည်။
![](https://img.wattpad.com/cover/165423772-288-k364664.jpg)
ESTÁS LEYENDO
ချစ်သောရှင်းလီအာ
Ficción histórica#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...