ချစ်သော ရှင်းလီ (အပိုင်း-၂၇)
@@@@@@@@@@@@@
တော်တော်ကြီး ကျဉ်းပြီး ဘာမှ မမြင်ရပဲ ဓားဖြင့် လျှောတိုက်၍ ခုန်ဆင်း လာခဲ့ပြီးမှ တော်တော်မြင့်တာကို သတိထားမိသည်။ ဒီလောက် မြင့်နေမှတော့ ဒီအထဲကနေ အပေါ်ကို အော်ခေါ်လည်း ကြားရမှာမှ မဟုတ်တာ၊ မျက်လုံးတွေ ပွင့်ထားလည်း မမြင်ရတာမို့ မျက်လုံးတွေကို မှိတ်လိုက်ကာ အာရုံခံပြီး ဆင်းလာခဲ့လိုက်သည်။ လေထုက အောက်ရောက်လေ ပိုမို အေးစိမ့်လေ ဖြစ်လာသဖြင့် နှစ်ရက်အတွင်း သေနိုင်တာကို လက်ခံမိသည်။
ကျဉ်းမြောင်းနေရာက ကျယ်ဝန်းသော နေရာသို့ ရောက်မှန်း ခံစားလိုက်မိပြီး နံရံကို တစ်ချက် ကန်လိုက်ပြီး နံရံပေါ်တွင် လမ်းလျှောက်ပြေးရင်း ကျမည့် အရှိန်ကို ထိန်းကာ အောက်သို့ ခုန်ဆင်းလိုက်ပြီး မျက်လုံးပွင့်ကြည့်လိုက်တော့ ရေခဲကုတင်တွေ တန်းစီနေပြီး ညကျောက်တွေ လင်းနေသော နေရာအား တွေ့ရလေသည်။ ပတ်ပတ်လည်တွင် ရေခဲနံရံတွေ ဖြစ်ပြီး အပေါက်ဝအား စနစ်တကျ ပိတ်ထားသည်ကို တွေ့ရသည်။ သေသေချာချာ ပိတ်ထားသည်မို့ ဓားဖြင့် ခုတ်ဖြတ်လို့ မရနိုင်မှန်း သိလိုက်ပြီး တစ်နေရာသို့ အရောက်တွင် မျက်လုံးတွေ ရပ်တန့် သွားမိသည်။ ရေခဲကုတင် တစ်ခုကို မှီလျက် ထိုင်နေပြီး ကုတ်ကုတ်လေး ဖြစ်နေသော မင်းသား၊ အနားသို့ ရောက်သွားတော့ မျက်လုံးတွေ မှိတ်ထားရာက ပွင့်ဟလာပြီး ဝမ်းသာအားရဖြင့် ရှင်းလီအား ပွေ့ဖက်လာလေသည်။
'မင်းရောက်လာပြီလား ငါသိတယ် ငါသေသွားရင် မင်းရောက်လာမယ် ဆိုတာ ငါသိတယ်'
နှုတ်ခမ်းတွေ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသော မင်းသားကို ကြည့်ရင်း ရင်ထဲမှာ ဆို့နင့်သွားပြီး လက်ထဲက ဓားကို ချလိုက်ပြီး ဆံပင်တွေ စည်းနှောင် ထားသော ပုဝါကို ဖြုတ်၍ မျက်လုံးတွင် စည်းပေးလိုက်သည်။ စိတ်သက်သာစေသော စကားအနည်းငယ်ကို ပြောကြားပေးလိုက်မိ၏။
'မင်းသား မသေသေးပါဘူး မင်းသားကို ကျွန်မ မသေခင် ပေးမသေပါဘူး ခဏပဲ အားတင်းထားပါ ဒီကနေ ထွက်ရအောင် လုပ်နေကြပါတယ်'
YOU ARE READING
ချစ်သော ရှင်းလီ
Historical Fiction#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...