အပိုင်း-၁၂

540 38 0
                                    


ချစ်သောရှင်းလီ (အပိုင်း-၁၂)

@@@@@@@@@@@@@

'ဒီတစ်ခေါက် အမှုထမ်း ရွေးပွဲကနေ သားတော် အတွက် ကိုယ်ရံတော် ရွေးပေးမလို့'

'သားတော်သိပါပြီသားတော် သွား ရွေးလိုက်ပါ့မယ်'

'သားတော် ရွေးချယ်စရာ မလိုပါဘူး ခမည်းတော် ဘွဲ့တံဆိတ်တော် ပေးအပ်ရင်း ထမ်းဆောင်ရမယ့် တာဝန်တွေ ခွဲပေးဖို့ပဲ'

'သားတော် ဘဝင် မကျတဲ့သူ ဖြစ်နေမှာ စိုးလို့ပါ'

'အမှုထမ်း တစ်ယောက်ကို ဘဝင်မကျစရာမှ မရှိတာ ကြင်ရာတော် ရွေးတာမှ မဟုတ်တာ သားတော် သဘောကျစရာ မလိုပါဘူး အမှုထမ်းက အမှုထမ်းပါပဲ သစ္စာရှိပြီး အရည်အချင်း ရှိရင်ရပြီ'

'သားတော် လိုချင်တဲ့ အရည်အချင်း ရှိမရှိ သားတော် စစ်ဆေးချင်သေးတယ် သစ္စာရှိမရှိလည်း သားတော် စမ်းသပ်ချင်တယ် ခမည်းတော် ရွေးချယ်ပြီးသား လူတွေကိုပဲ သားတော် ပြန်စစ်ဆေးမယ် အဲ့ထဲကမှ သားတော်ရဲ့ စမ်းသပ်ချက်မှာ ကျဆုံးသွားတဲ့လူ ဆိုရင်တော့..'

အန်းချီ စကားကို မဆက်ပဲနှင့် ရပ်လိုက်တော့ ခမည်းတော်က အသာတကြည်ပင် ခေါင်းညိတ်လက်ခံသည်။

'ကောင်းပြီ အမှုထမ်း စာမေးပွဲ အောင်မြင်ပြီးသား လူတွေထဲမှာ အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော်ကို ခမည်းတော် စီစဉ်ပြီး စေလွှတ် လိုက်မယ်'

'သားတော် မနက်ဖြန် မွန်းမလွဲခင် သူတို့ကို စမ်းသပ်လိုက်မယ်'

'ကောင်းပြီ သားတော်သာ အသင့်စီစဉ်ထားလိုက်ပါ ဒါနဲ့ သားတော် ကိုယ်လုပ်တော်လေးကို စုံစမ်း ခိုင်းထားတာကော ရှိသေးလား'

သူ့မျက်နှာပျက်သွားပေမယ့် ခမည်းတော်ကို မညာချင်တာမို့ အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

'ရှိပါတယ် သူ့သတင်းလည်း ကြားပါတယ် ရှင်းလီ နေလည်းကောင်းတယ် သားတော်ကို သတိမရတာ ကလွဲရင် ကျန်တာ အကုန် ကောင်းပါတယ် ဒါပေမယ့် သားတော် သူမကို တမ်းတနေမိသေးတယ် ခမည်းတော်'

ထိုသို့ တစ်ပုံစံတည်းသော ခံစားချက်ကို ရန်ချီသည်လည်း ဟိုးအရင်အတိတ် တစ်စုံတစ်ရာတုန်းက ခံစားခံဖူးသည်မို့ ဘယ်လောက် ခက်ခဲပြီး ရင်နင့်ရသည်ကို သိနားလည်သဖြင့် နားလည်ပေးနိုင်သော အပြုံးတစ်ခုဖြင့်သာ ပြုံးပြမိသည်။ သူမ အဆင်ပြေပါတယ်၊ ဆိုတာလေးနဲ့ နေတတ်ခဲ့သော အချိန်က သိပ်ပြီး တိုတောင်းလွန်းလှလျက် အနားသို့ အတင်းခေါ်ဆောင်ခဲ့မိသည်က သူမအား လူ့လောကမှ ထွက်သွားရန် တွန်းအားပေးခဲ့သလို ဖြစ်ဖူးလေသလား၊

ချစ်သော ရှင်းလီDonde viven las historias. Descúbrelo ahora