ချစ်သော ရှင်းလီ (အပိုင်း-၆)
@@@@@@@@@@@
ခမ်းနားခြင်း ထက်ကို ထည်ဝါခြင်းနဲ့ ပြည့်စုံနေသော အဘွားအိုက တစ်ချိန်တုန်းကတော့ မာန်မာနတွေ အပြည့်ဖြင့် တည်ရှိကောင်း တည်ရှိခဲ့နိုင်ပေမည်။ သို့သော် လက်ရှိတွင်ဖြင့် မာန်တွေမာနတွေ ကင်းလျက် သူမအား ဟန်ဆောင်ခြင်း အလျဉ်းမရှိသော အပြုံးတွေ အရယ်တွေနဲ့ စကားဆိုလာသည်။
'အဘွားတော်က မနေ့ည ကတည်းက လာကြည့် ချင်နေတာ မင်းသားလေးက သွားလိုက်တယ် ဆိုတော့ အနှောင့်အယှက် ပေးရာ ရောက်မှာစိုးလို့'
နန်းတွင်းထဲ ရောက်ပြီး သူမကို လိုလိုလားလား ကြည်ကြည်ဖြူဖြူနဲ့ စကား ပြောတာဆိုလို့ အဘွားတော် တစ်ယောက်တည်း ရှိသေးတာမို့ တကယ်မှ ဟုတ်ရဲ့လားလို့ ဇဝေဇဝါတွေ ဖြစ်နေမ၏။ မနေ့ညကသာ လာခဲ့ရင် အိမ်ရှေ့မင်းသားက ဘယ်လို အပြစ်ပေး ထားလဲ ဆိုတာ အဘွား မြင်လိုက်ရမှာပေါ့ လို့ ပြောချလိုက်လိုစိတ်တွေ ဖြစ်ပေါ်လာပေမယ့် ဒါက နန်းတွင်း၊
'နာမည်က ရှင်းလီအယ်နော် မနေ့က မိဖုရားကြီး သွားကြိုတယ် လို့တော့ သိလိုက်တယ်'
ထို့ကြောင့် တရိုတသေပင်
'ဟုတ်ကဲ့'
'မင်းသားနဲ့ နန်းပြင်မှာ တွေ့ခဲ့ရတယ်လို့တော့ သိပြီးပြီ ဘယ်လို စတွေ့တာလဲ ပြောပြပါလား'
သူနဲ့ စတွေ့ကတည်းက ကောင်းသော တွေ့ဆုံရခြင်း မဟုတ်ခဲ့ပဲနဲ့၊ ပြောပြပါ ဆိုတော့လည်း ရှင်းလီ အနည်းငယ် ပြောရခက်ဟန်ဖြင့်
'ကျွန်မ ရေချိုး နေတာကို လာချောင်း ကြည့်တာ'
ရုတ်တရက် အဘွားတော်က ကြောင်အမ်း သွားပြီးမှ ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြီး
'ရေချိုးတာကို လာချောင်း ကြည့်တာ ဟုတ်လား ဟား ဟား ဟား အိမ်ရှေ့မင်းသားကို အဘွားတော်က ကလေးလိုပဲ မြင်နေမိသေးတာ အဲ့တာဆိုရင်တော့ မင်းသားက ကလေး မဟုတ်တော့ဘူးပဲ သူများတွေကို မပြောပြနဲ့အုံး အိမ်ရှေ့မင်းသား သိက္ခာကျနေမယ်'
VOUS LISEZ
ချစ်သော ရှင်းလီ
Fiction Historique#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသည်မှ စ၍ ရဲရင့်၍ ဦးဆောင်နိုင်သော သူမကို တွေ့ရှိခဲ့သည်တွင်.. နန်းတော်အား ပျက်စီးစေလိုသော ဦးရီးတော်၏ လ...