အပိုင်း-၂၉

436 26 0
                                    

ချစ်သောရှင်းလီ (အပိုင်း-၂၉)

@@@@@@@@@@@@

တရား စီရင်ရေး ဒုတိယနေ့၊ အမတ်မင်းများ ဘက်မှ တရားရေး ဆုံးဖြတ်သူ အဖြစ် လူတစ်ဦးက နေရာတွင် ဝင်ထိုင်နေသော်လည်း ကျန်နှစ်ခုံတွင် လွတ်နေ၏။ မကြာမှီတွင် ဒုက္ခသည်များ လှည်းဖြင့် ရောက်လာကြပြီး လှည်းအတွင်းမှ လူတစ်ဦးဆင်းလာ၏။ ထိုသူက သတ်မှတ်ထားသော အိမ်ရှေ့မင်းသား၏ တရားရေး ဆုံးဖြတ်သူ နေရာတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းတွင် အုပ်ဆောင်း ထားသော ခမောက်ကို ဖယ်လိုက်ရာ ဆံနွယ်တွေ ပြေကျလာသော မိန်းကလေးတစ်ဦး၊ အမတ်မင်း ဝမ်ဖုန်းက မျက်လုံးပြူး၍ လက်ညိုးဖြင့် ထိုးကာ၊

'မင်း မင်း ဘာလို့ ဒီကို ရောက်နေရတာလဲ လာကြစမ်း'

'မတွေ့တာကြာပြီ အမတ်မင်း နေကောင်းရဲ့လား အဆိပ်တွေ ပြေသွားပြီလား'

ယောင်းချူး မင်းသားကို ကြည့်လိုက် မိတော့ အံ့သြသူတွေ ကြားတွင် ထိုင်ပြီး မင်းသားက မထူးဆန်းသလို သူမမျက်နှာအား ငေးကြည့်နေ၏။ ပြီးတော့မှ နေရာမှ ထရပ်လိုက်ကာ

'ဒီနေ့ ဒုက္ခသည်တွေ ရွေးချယ် ထားတဲ့ တရားရေး ဆုံးဖြတ်သူကို တွေ့လိုက်တော့ အရမ်းကို အံ့သြမိပါတယ် ဒါပေမယ့် ကျွန်တော် အိမ်ရှေ့မင်းသားက လေးစားလျက်ပါ'

'အိမ်ရှေ့မင်းသား တရားရေး ဆုံးဖြတ်သူ နောက်ထပ် တစ်ဦးကို စောင့်ရအုံးမှာပါလား'

'သုံးရက် အချိန်ပေးထားပါတယ် ဒါပေမယ့် တရားစီရင်မှုကို စတင်ဖို့ အမတ်မင်းတို့က ဆန္ဒရှိတယ် ဆိုရင် စတင်ကြတာပေါ့'

သူက စတင် ကြတာပေါ့ ဆိုတာနဲ့ ယောင်းချူးက နေရာမှ ထရပ်လိုက်ကာ

'ယနေ့ တရားရေး ယှဉ်ပြိုင်ပွဲမှာ တရားရေး လျှောက်လဲသူ အဖြစ် ရှိရမှာ ဂုဏ်ယူမိပါတယ် ဒါက ကျွန်တော့်အတွက် ပထမဆုံးပါ လာပြီး ကြည့်ရှုကြတဲ့ သူတွေကိုလည်း မှားယွင်းမှုတွေ ရှိရင် သည်းခံပေးကြဖို့ မျှော်လင့်ပါတယ်'

ယောင်းချူးက သူ့အိတ် အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး

'ယနေ့ အိမ်ရှေ့မင်းသားက အမတ်မင်းတွေကို ရွှေသေတ္တာတွေ ပျောက်ဆုံးမှုနဲ့ တရားစွဲ ဆိုပါမယ် ရွှေသေတ္တာတွေကို မင်း နေပြည်တော် ကနေ လွန်ခဲ့သော တစ်လခန့်က ထုတ်ပေးလိုက်တယ် ဆိုတာ မှန်ပါလား မင်းသား'

ချစ်သောရှင်းလီအာDonde viven las historias. Descúbrelo ahora