♥Episode 24 [Final part 2]

1.2K 122 24
                                    


လူဆိုတာ သေဆုံးဖို့မွေးဖွားလာတာ~ မွေးဖွားချိန်ကနေ သေဆုံးချိန်အတွင်းမှာ လျှောက်လမ်းရတဲ့ ခရီးကို ဘဝ လို့ခေါ်ကြတာ။ လူက မွေးပြီးတာနဲ့ ရပ်တန့်မနေဘူး။ အသက်တွေကြီးလာမယ် အရွယ်တွေတက်လာမယ်။ တက်လူနဲ့ ကျလူ ဆိုပြီး ငယ်ရွယ်သူတွေက အညွန့်တလူလူ တက်လာချိန်မှာ တစ်ချိန်ကဖျတ်လတ်ခဲ့ပြီးပြီဖြစ်တဲ့ ကြီးရင့်သူတွေဟာ အမြင့်နေရာကနေ ဆင်းပေးရတယ်။ ဒါဟာ ဓမ္မတာတွေထဲက တစ်ခု~~~

အခုဆိုရင် ထိုလမ်းစဉ်အတိုင်းပင် တစ်ချိန်က ဖလန်းဖလန်းနဲ့ သောင်းကျန်းခဲ့ဖူးသော Naruto တစ်ယောက် အလုပ်ပိပြီးပက်လက်လန်နေလေပြီ~ ငယ်စဉ် ပညာယူချိန်က လေ့ကျင့်ချိန်ကလွဲ ကျန်တဲ့အချိန်တွေအားလပ်နေခဲ့သည်။

အခု ပညာစုံလို့ လုပ်ငန်းခွင်ထဲ တကယ်ဝင်တဲ့အခါမှာ Jonin ပီပီ သူများထက် အဆပိုတဲ့ အလုပ်ဝန်ပိပါတော့သည်။ Shinobi တွေထဲမှာ Chuunin level ကို ခွကျော်ပြီး Jonin ninja လို့ သတ်မှတ်ခံရသူဟာ သူတစ်ယောက်တည်းရှိသေးတာလို့ ဆိုရမယ်~ စာကျက်သည်မကျက်သည်ကို မကြည့်ဘဲ အရည်အချင်းကိုစစ်မယ်ဆိုလျှင် Naruto ဟာ the next Hokage ဖြစ်နိုင်သူပါ~~ လူတိုင်းကလည်း သူပဲဖြစ်မယ်လို့ မျှော်မှန်းထားတယ် သူကိုယ်တိုင်ကလည်း ဖြစ်ကိုဖြစ်ရမယ်လို့ ဆုံးဖြတ်ထားသူပါ။

"Ahhhhh Kaka-sensei~~~ ရက်စက်....."

အနာဂတ် Hokage အလောင်းအလျာကြီးက ဘာတွေများ ငြီးတွားနေပါလိမ့်??

"သူများတွေက New Year Eve မှာ သောက်စားပျော်ရွှင်နေကြတာလေ ငါကျတော့ အလုပ်ကြွေးတွေ ဆပ်နေရတယ်တဲ့လား...😑"

*မင်းအရင်က မတင်ခဲ့တဲ့ report တွေ တင်*

နားထဲမှာ Kakashi အသံကြီးက ဟိန်းကနဲ...သိကြတဲ့အတိုင်း Naruto ဆိုသည်မှာလည်း အရွယ်ရောက်သည့်တိုင် ရှပ်ပြာပြာနိုင်လွန်းတော့ mission တစ်ခုပြီးတိုင်း တင်ရမယ့် report တွေကို မေ့လျော့တယ်တဲ့လေ~ အခြားသူဦးဆောင်တဲ့အခါကျ သက်သာပေမယ့် သူကိုယ်တိုင်က captain ဖြစ်နေတဲ့အလှည့်တွေမှာ report တင်ဖို့အမြဲမေ့ရင်းမေ့ရင်းနဲ့ အကြွေးလည်ပင်းမြုပ်တော့တာပေါ့ 😏

"Uwahhh 😭 ramen စားချင်တယ် sake သောက်ချင်တယ် katsudon စားချင်တယ် hotpot စားချင်တယ်!!!"

I don't mind ||Completed||Where stories live. Discover now